ဟင်းလျာများကို အစပ်တည့်အောင် ချက်ပြုတ်ပြင်ဆင်ချင်သူများအတွက် အဓိကလိုအပ်သောပါဝင်ပစ္စည်းကတော့ ငရုတ်ဆီပဲဖြစ်ပါတယ်။ အလုပ်ရှုပ်မခံချင်သော အိမ်ရှင်မတွေကတော့ အသင့်စားငရုတ်ဆီကို အသုံးပြုကြလေ့ရှိပါတယ်။ ဒါပေမဲ့ ထိုငရုတ်ဆီထဲမှာ ဓာတုဆိုးဆေးတွေ ပါဝင်တဲ့အတွက်ကြောင့် ရေရှည်ဆိုလျှင် ကျန်းမာရေးအတွက်မကောင်းပါဘူး။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး ဓာတုဆိုးဆေးလည်း လုံးဝမပါဝင်တဲ့ အိမ်လုပ် သဘာဝငရုတ်ဆီ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ (သို့) မြေပဲဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်သွန်နီ အကြီး ၂ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ငရုတ်ကောင်းစေ့ထည့်ကာ ၁ မိနစ်ခန့် လှော်ပေးလိုက်ပါ။ ထို့နောက် အမှုန့်များရအောင် ထောင်းပေးလိုက်ပါ။ ပြီးရင် ပန်းကန်လုံးအသေးထဲ ဖယ်ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူထပ်ပေးပြီး ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ ၅ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ပဲငံပြာရည်ထည့်ပါ။ ပဲငရုတ်နှစ်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၄။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီများအားလုံး ထည့်ပြီးနောက် ငရုတ်သီးမှုန့်၊ သကြား၊ ဆားနှင့် ထောင်းထားသော ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ထို့နောက် မီးပိတ်ကာ မီးဖိုပေါ်က ချပြီး အအေးခံထားလိုက်ပါ။ အေးသွားပြီဆိုရင်တော့ လေလုံသော ဖန်ပုလင်းထဲ ထည့်သိမ်းထားလိုက်ပါ။ မိမိဟင်းချက်ချိန်မှ လိုသလို ထည့်သုံးနိုင်ပါတယ်။

ထိုငရုတ်ဆီက ၁၅ ရက်အထိ အထားခံပါတယ်။

Source : Seonkyounglongest.com