မင်္ဂလာပါနော်။ မိသားစုနဲ့အတူ မိမိရဲ့ ဟင်းချက်လက်စွမ်းလေးပြလို့ ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုက်ပါ။
ပါဝင်ပစ္စည်း
- ကြက်သားတုံးများ
- ခရမ်းချဉ်သီးဆော့စ် အစပ်စားပွဲတင်ဇွန်း ၄ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
- ဆား အနည်းငယ်
- ငရုတ်သီးမှုန့် မိမိနှစ်သက်သလောက်
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး ဆီကို အပူပေးပြီး ကြက်သားထည့်ကြော်လိုက်ပါ။
ကြက်သားကြက်အောင် သေချာလေးကြော်ပေးပါ။ အညိုလေးဖြစ်လာတဲ့အထိကြော်ပါ။
ကျက်ပြီဆိုရင် ခဏထားပါ။
ခရမ်းချဉ်သီးဆော့လ် အစပ်၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ ပျားရည်ရောပြီးမွှေလိုက်ပါ။
ပြီးရင် စောစောက ကြော်ထားတဲ့ ကြက်သားထဲကိုလောင်းထည့်ပါ။ အဲဒီနောက် ၂ မိနစ်လောက် ထပ်ပြီးမွှေကြော်ပေးပါ။
ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။