မင်္ဂလာပါနော်။ မိသားစုနဲ့အတူ မိမိရဲ့ ဟင်းချက်လက်စွမ်းလေးပြလို့ ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုက်ပါ။

ပါဝင်ပစ္စည်း

  • ကြက်သားတုံးများ
  • ခရမ်းချဉ်သီးဆော့စ် အစပ်စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ဆား အနည်းငယ်
  • ငရုတ်သီးမှုန့် မိမိနှစ်သက်သလောက်
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ဆီကို အပူပေးပြီး ကြက်သားထည့်ကြော်လိုက်ပါ။

ကြက်သားကြက်အောင် သေချာလေးကြော်ပေးပါ။ အညိုလေးဖြစ်လာတဲ့အထိကြော်ပါ။

ကျက်ပြီဆိုရင် ခဏထားပါ။

ခရမ်းချဉ်သီးဆော့လ် အစပ်၊ ပဲငံပြာရည်၊ ငရုတ်သီးမှုန့်၊ ပျားရည်ရောပြီးမွှေလိုက်ပါ။

ပြီးရင် စောစောက ကြော်ထားတဲ့ ကြက်သားထဲကိုလောင်းထည့်ပါ။ အဲဒီနောက် ၂ မိနစ်လောက် ထပ်ပြီးမွှေကြော်ပေးပါ။

ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။