အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးချောင်းကြော်ကို ဟင်းခပ်မှုန့်နဲ့ အမွှေးအကြိုင်များ လုံးဝမသုံးဘဲ သဘာဝအရသာအတိုင်း စားကောင်းနေအောင် ဘယ်လိုကြော်မလဲဆိုတဲ့ ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂၅၀ ဂရမ် (အခွံခွာထားပါ)
  • ဟင်းရွက်ဆီ ၁ လီတာ
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာထားပြီးနောက် အချောင်းလိုက် ခပ်ထူထူလေး လှီးဖြတ်ထားပါ။ ထို့နောက် ရေဖြင့် သေချာဆေးကြောလိုက်ပါ။

၂။ ရေဆေးပြီးသာ အာလူးချောင်းများကို အိုးတစ်လုံးထဲ ထည့်ပါ။ ရေအေးထည့်ပြီး ၃ မိနစ်၊ ၄ မိနစ်ခန့် တည်ထားလိုက်ပါ။

၃။ ထို့နောက် အာလူးချောင်းများကို ဆယ်ယူပြီး ရေခြောက်အောင် သုတ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီက ၃၂၀ ဒီဂရီဖာရင်ဟိုက် (၁၆၀ ဒီဂရီစင်တီဂရိတ်) အပူချိန်ထိ ရောက်ရှိသွားပါက အာလူးချောင်း လက်တစ်ဆုပ်စာခန့်ကို ဆီပူထဲထည့်ကာ ၃ မိနစ်ခန့် ကြော်ပါ။

အာလူးချောင်းများ ညိုသွားသည်အထိ မကြော်ရပါဘူး။

၅။ သတ်မှတ်ချိန်ပြည့်ပါက အာလူးချောင်းများကို ဆီစုပ်စက္ကူပေါ် တင်ထားကာ ဆီစစ်လိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ဆီပူကို ၃၇၅ ဒီဂရီဖာရင်ဟိုက် (၁၉၀ ဒီဂရီစင်တီဂရိတ်)အထိ ပြန်လည်အပူပေးလိုက်ပါ။ ထို့နောက် အာလူးချောင်းကြော်များကို ဆီပူထဲထည့်ကာ ရွှေရောင်ပြောင်းပြီး ကြွပ်ရွသွားသည်အထိ ၅ မိနစ်မှ ၈ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။

၇။ သတ်မှတ်ချိန်ပြည့်ပါက ဆီပူထဲက ဆယ်ယူပြီး ဆားအနည်းငယ်ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ သဘာဝအရသာအတိုင်း စားလို့ကောင်းတဲ့ အာလူးချောင်းကြော် ကြွပ်ကြွပ်လေးကို အားရပါးရ စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com