သားသားမီးမီးလေးတွေ ကျောင်းတွေလည်းပြန်ဖွင့်ပြီဆိုတော့ မီးဖိုချောင်ဝင်ရတဲ့ မေမေတို့ ဦးနှောက်ကြပ်ရတော့မယ့် အချိန်ရောက်လာပါပြီနော်။ သူတို့လေးတွေ ပြန်လာပြီဆိုရင် အဆာပြေ သရေစာလေးတွေလည်း လုပ်ပေးရဦးမှာနဲ့ အလုပ်တွေကို ရှုပ်လာပြီပေါ့။ ဒီလို အပင်ပန်းခံထားရတဲ့ မေမေတို့အတွက် သားသားမီးမီးလေး ချေးမများစေနိုင်မယ့် သရေစာလေး ဆန်ပူတင်း နဲ့ မိတ်ဆက်ပေးမယ်နော်။ အများစုက ကြားဖူးလောက်မှာတောင် မဟုတ်ပါဘူး။

ပါဝင်ပစ္စည်းများ

  • နို့ – ၆ ခွက်
  • သကြား – ခွက် ၁ ဝက်
  • ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်အရှည် – ခွက်တစ်ဝက်
  • ဗနီလာအနှစ် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။ လက်ကိုင်တပ်ဒယ်အကြီးတစ်ခုထဲကို နို့ ၅ ခွက်ခွဲ၊ ဆားတို့ကို ထည့်ပြီးတော့ မီးအနေတော်မှာ ပွက်တဲ့အထိကျိုပေးပါ။

၂။ ပွက်လာရင် ဆန်ထည့်လိုက်ပြီးတော့ မီးလျော့ကာ မွှေပေးပါ။

၃။ မိနစ် ၅၀ ကနေ ၆၀ အထိ ချက်ပေးပြီးတော့ ရံဖန်ရံခါ မွှေပေးပါ။ ဒိန်ချဉ်တွေပျစ်သလိုမျိုး ပျစ်သွားတဲ့အထိ ချက်ရမှာဖြစ်ပါတယ်။

၄။ ပျစ်နှစ်သွားပြီဆိုပါက မီးဖိုပေါ်ကချလိုက်ပြီး ဗနီလာထည့်မွှေပါ။

၅။ ပြီးရင်တော့ အအေးခံလိုက်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲပေးပါ။ ကျန်ရှိနေသေးတဲ့ နို့တစ်ဝက်ကိုတော့ စားခါနီးကျမှ အပေါ်ကနေ လောင်းထည့်ပေးလိုက်ပါ။

Source: spicysouthernkitchen.com

Featured Image Source: seasonsandsuppers