ကိုကာကိုလာကို အသုံးပြုပြီး ကြက်သားကို ကြော်ရအောင်။

ကြက်ကြော်အတွက် ပါဝင်ပစ္စည်းများ

  • ကြက်သား ရင်ဘုံသား ၂၀ အောင်စ
  • ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁၆ ဇွန်း
  • နွားနို့ – ၇၀ မီလီ လီတာ (ml)
  • ရေ – ၇၀ မီလီ လီတာ (ml)

  • ကြက်ဥ – ၁ လုံး
  • Baking Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့တစ်ဝက်
  • ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ ၄ ပုံ ၁ပုံ

ဆော့စ်လုပ်ဖို့

ကိုကာကိုလာ – 0.7 liter

ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ ဇွန်း

ဂျင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ – ၅ မြွှာ

ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ကြော်ဖို့ ဆီ – ခွက်တစ်ခွက် ၀.၃ လီတာ

နှမ်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အဆင့် (၁) ဆော့စ်လုပ်မယ်

ဒယ်အိုးထဲကို ကိုကာကိုလာ ကိုလောင်းထည့်လိုက်ပါ။ ပဲငံပြာရည်ကိုလည်း လောင်းထည့်လိုက်ပါ။ ရှာလကာရည်၊ ထောင်းထားတဲ့ ဂျင်း၊ တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ဖြူ တို့ကို အားလုံးရောထည့်ပြီး မွှေလိုက်ပါ။

အဆင့် (၂) ဆော့စ်ကို ပွက်ပွက်ဆူအောင်လုပ်လိုက်ပါ။

ဆော့စ်ကို မီးဖိုပေါ်မှာ မီးအလယ်အလတ်လောက်နဲ့ ၃၅ မိနစ်လောက် တည်ထာလိုက်ပါ။ တည်နေချိန်မှာ မွှေပေးပါ။

အဆင့် (၃) ကြက်သားကြော်ဖို့ ပြင်ဆင်မယ်

ကြက်ဥတစ်လုံးကို ခွက်တစ်ခွက်ထဲ ဖောက်ထည့်လိုက်ပါ။ ပြီးရင် ဖြည်းဖြည်းချင်း မွှေပါ။

ခွက်တစ်ခွက်စာ ဂျုံမှုန့်ကို ထည့်ပါ။

မုန့်ဖုတ်အမှုန့် (Baking Powder) လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

ရေ လက်ဖက်ရည်ဇွန်း ၅ ဇွန်းလောက်ထည့်ပါ။

နွားနို့ လက်ဖက်ရည်ဇွန်း ၅ ဇွန်းလောက်ထည့်ပါ။

အားလုံးကို သမအောင် နယ်လိုက်ပါ။

ပြီးရင် ကြက်သားထည့်ပါ။

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်ထည့်ပါ။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်ကိုထည့်ပါ။

သေချာနယ်ပါ။

အဆင့် (၄) ကြက်သားတွေကို ကြော်ပါ။

ဒယ်အိုးထဲကို ဆီထည့်လိုက်ပါ။ ဆီပူအောင် တည်လိုက်ပါ။ ပြီးရင် ကြက်သားတွေကိုထည့်ပြီး ကြော်လိုက်ပါ။ ကြက်သားတွေကျက်ပြီး အညိုရောင်ပြောင်းသွားရင် ဆယ်လိုက်ပြီး ဆီစုပ်စက္ကူထဲထည့်လိုက်ပါ။

အဆင့် (၅) ခုနက ဆော့စ်နဲ့ကြက်သားတွေကို သမအောင် မွှေမယ်။

ကြက်သားတွေကို ဒယ်အိုးထဲထည့်လိုက်ပါ။ ပြီးရင် ဆော့စ်ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ညင်သာစွာ မွှေလိုက်ပါ။ ပြီးရင် နှမ်းစေ့ကို ထည့်ပြီး ဖြည်းညှင်းစွာ သမအောင် မွှေပါ။

ဒါဆိုရင် ချိုစိမ့်လေးနဲ့ကိုကာကိုလာ အရသာ ရောထားတဲ့ ကြက်သားကြော်လေး ရပါပြီနော်။

ကိုကာကိုလာကို အသုံးပြုပြီး ကြက်သားချက်မယ်

Photo Credit: fab How