မင်္ဂလာပါနော်။ အားလပ်ရက်မှာ မိမိရဲ့ မိသားစုနဲ့အတူ အရသာရှိတဲ့ ဟင်းလျာလေးတွေ ချက်စားရအောင်။

ဒီတခါမှာတော့ ကိုကာကိုလာကိုသုံးပြီး ကြက်သားကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

၁။ ရှလကာရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

၂။ ကိုကာကိုလာ ၃ ခွက်

၃။ ကြက်ရင်အုံသား တစ်ခု

၎။ ဆန်မှုန့် (သို့) ဂျုံမှုန့် (မိမိနှစ်သက်ရာ) ၁ ခွက်

၅။ ရေ ခွက် ၁/၃ ပုံ

၆။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

၇။ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၈။ ကြက်ဥ ၁ လုံး

၉။ Baking Powder လက်ဖက်ရည်ဇွန်း  ၁ဇွန်း

၁၀။ နွားနို့ (သို့) နို့တမျိုးမျိုး ခွက် ၁/၃ ပုံ

၁၁။ ကြက်သွန်ဖြူ ၅ မွှာ (တောက်တောက်စဉ်းပါ)

၁၂။ နှမ်း အနည်းငယ်

၁၃။ ဆီ အနည်းငယ်

၁၄။ ဆား အနည်းငယ်

၁၅။ ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ကိုကာကိုလာ၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ဂျင်း စတာတွေကို အိုးထဲလောင်းထည့်ပြီး မွှေပေးလိုက်ပါ။

ဆူလာပြီဆိုရင် မီးကိုအပူလျှော့လိုက်ပြီး ၃၅ မိနစ်လောက် တည်ထားပြီး မွှေပေးနေပါ။

ခွက်တစ်လုံးထဲကို ကြက်ဥ၊ ဂျုံမှုန့်၊ Baking Powder ၊ ရေ၊ နို့ ကိုထည့်ပြီး မွှေလိုက်ပါ။

ပြီးရင် ကြက်သားထည့်ပြီး ဆား၊ ငရုတ်ကောင်းထည့်ကာ ထပ်မွှေပေးပါ။

အဲဒီနောက် ကြက်သားကို ကြော်ပါ။

မကပ်အောင်သေချာလေးကြော်ပေးပါ။

ရသွားပြီဆိုရင်တော့ စောစောကလုပ်ထားတဲ့ ကိုကာကိုလာ ဆော့လ်နဲ့ မွှေပြီး ကြော်ပေးလိုက်ပါ။

ရိုးရှင်းပြီး အရသာရှိတဲ့ ကိုကာကိုလာ ကြက်သားကြော်

အရမ်းအရသာရှိတဲ့ ကိုကာကိုလာ ကြက်သားကြော်ကို သင်ချစ်ရသူတွေနဲ့ မျှဝေစားသုံးနိုင်ပါပြီ။