အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ အမဲသားလေး ချက်စားရအောင်ပါ။ ဆီအများကြီးမသုံးဘဲ အမဲသားကို အရသာရှိရှိနဲ့ ချက်ပြုတ်လို့ရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။
Bulgogi လို့ခေါ်တဲ့ ကိုရီးယားရိုးရာ အမဲသားချက်နည်းလေးကို မျှဝေပေးသွားမှာဖြစ်လို့ အားလုံးအကြိုက်တွေ့ကြမယ်လို့ထင်ပါတယ်နော်။ တောင်ကိုရီးယားတွေရဲ့ မွေးနေ့တွေ၊ အမျိုးသားနေ့ အားလပ်ရက်တွေမှာ၊ နေ့ထူးနေမြတ်တွေမှာ စားလေ့ရှိကြတဲ့ ဟင်းလျာလည်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
- အမဲသား
- ကြက်သွန်နီ ၁ ဥ (အခွံနွှာပြီး ပါးပါးလှီးပါ)
- ကြက်သွန်မြိတ် ၂ ချောင်း
- မုန်လာဥနီ ပါးပါးလှီးပါ
- နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- နှမ်းစေ့ အနည်းငယ်
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
ဆော့စ်လုပ်ဖို့အတွက် (အောက်မှာဖော်ပြတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ထည့်နယ်လိုက်ရပါမယ်)
- ပဲငံပြာရည် အနည်းငယ်
- သကြားအနည်းငယ်
- ဝိုင်ဖြူအနည်းငယ် (ဆန်အရက်အနည်းငယ်)
- ကြက်သွန်ဖြူတောက်တောက်စဉ်းပါ
- ဂျင်းတောက်တောက်စဉ်းပါ
- ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
အမဲသားကို ရေသေချောလေးလိုက်ပြီး ခပ်ပါးပါးလေးလှီးလိုက်ပါ။
ပြီးရင် စောစောကနယ်ထားတဲ့ ဆော့စ်နဲ့ အမဲသားကို နယ်ပေးပြီး ခဏနှပ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကို ပါးပါးလှီးပါ။
ဒယ်အိုးကိုအပူပေးလိုက်ပြီး အမဲသားကိုထည့်လိုက်ပါ။ ဆီနည်းနည်းထည့်ပါ။ အနည်းငယ်ကျက်ပြီဆိုရင်တော့ လှီးထားတဲ့ ကြက်သွန်၊ ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကိုထည့်လိုက်ပါ။
ပြီးရင်တော့ နှမ်းစေ့ထည့်ပေးလိုက်ပါ။ ဒါဆို သုံးဆောင်လို့ရပါပြီနော်။
Source: www.mykoreankitchen.com