အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ သစ်သီးများနဲ့ အလှဆင်ထားတဲ့ သီးစုံရေခဲမုန့် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁ လုံး
  • နို့ရေခဲမုန့်
  • ချောကလက်ရေခဲမုန့်
  • စတော်ဘယ်ရီ ရေခဲမုန့်
  • ချောကလက်ရည် အနည်းငယ်

  • Marshmallow ခရင်မ်အနည်းငယ် (သို့) နို့ဆီ အနည်းငယ်
  • မြေပဲ အနည်းငယ်
  • ချယ်ရီသီး ၃ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးတစ်လုံးကို အခွံခွာပြီး အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် ရှည်မျောမျောအချိုပန်းကန်လုံးထဲတွင် ဟိုဘက် ဒီဘက် တင်ထားလိုက်ပါ။

၂။ ငှက်ပျောသီးခြမ်းနှစ်ခုရဲ့ကြားထဲမှာ နို့ရေခဲမုန့်၊ ချောကလက်ရေခဲမုန့်၊ စတော်ဘယ်ရီရေခဲမုန့်တို့ ထည့်ထားလိုက်ပါ။

၃။ ထို့နောက် ချောကလက်ရည်များကို နို့ရေခဲမုန့်နှင့် စတော်ဘယ်ရီရေခဲမုန့်ပေါ် ဆမ်းထည့်လိုက်ပါ။

၄။ ချောကလက် ရေခဲမုန့်ပေါ်တွင်တော့ Marshmallow ခရင်မ် (သို့) နို့ဆီအနည်းငယ် ဆမ်းထည့်လိုက်ပါ။

၅။ ထို့နောက် ရေခဲမုန့်တစ်ခုချင်းစီပေါ်တွင် ချယ်ရီသီးလေးများ တင်ထားလိုက်ပါ။ ပြီးမှ မြေပဲလေးများ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာလည်းရှိသလို အမြင်လည်းလှတဲ့ သစ်သီးဖြင့် အလှဆင်ထားသော သီးစုံရေခဲမုန့်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com