အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးကြိုက်တဲ့သူတွေအတွက် အာလူး ခြစ်ကြော် ကြွပ်ကြွပ်လေး ကြော်စားနည်းကို မျှဝေပေးချင်ပါတယ်။

အစာပြေစားလို့လည်းရတယ်။ ထမင်းနဲ့စားရင်လည်း အဆင်ပြေတဲ့ အာလူးခြစ်ကြော်လေးမို့ စာဖတ်သူတို့ နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး အာလူးကို အခွံနွှာပြီး ခြစ်ပေးလိုက်ပါ။

အဲဒီနောက် ဆားနဲ့ သံပရာသီး (သို့) သံပယိုသီးကိုလည်း ပါးပါးခြစ်လိုက်ပြီး ဆားနဲ့ ထောင်းပေးလိုက်ပါ။

အဲဒီနောက် အာလူးနဲ့ နယ်ပေးထားလိုက်ပါ။

ပြီးရင်တော့ ဆီပူပူထဲမှာ ထည့်ကြော်လိုက်ပါ။ ရခါနီးရင် Rosemary ရွက် (သို့) ရှမ်းနံနံ (မိမိနှစ်သက်ရာ အမွှေးရွက်) ကို ထည့်ပြီး မွှေးအောင် မွှေပေးလိုက်ပါ။

အာလူးကို ကြွပ်နေအောင်ကြော်ပြီး သုံးဆောင်နိုင်ပါပြီ။

အားလူးကို ဒီအတိုင်းပဲစားစား၊ အသီးအရွက်ပြုတ်နဲ့ သုပ်စားစား အရသာရှိနေမှာပါ။

Source: www.alexandracooks.com

By: MyFood Myanmar