အားလုံးပဲ မင်္ဂလာပါ။ နိုင်ငံတကာဟင်းလျာနဲ့ အစားအစာများကို ကြိုက်နှစ်သက်ကြသူများအတွက် ထိုင်းစတိုင်လ် ကြက်သားပြားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)
  • နံနံပင် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်ရင်အုံသား ၂ တုံး (သို့) ၄ တုံး (အနေတော်အတုံး တုံးထားပါ)
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ပဲတောင့်ရှည် ၂ တောင့် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သား၊ ကြက်ဥ၊ ငရုတ်သီးအနှစ်၊ သကြားနှင့် ပဲငံပြာရည်တို့ကို အသားကြိတ်စက်ထဲထည့်ကာ ညှက်သွားအောင် ကြိတ်ပေးလိုက်ပါ။ ထို့နောက် ပဲတောင့်ရှည်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ထည့်ကာ သမအောင် ထပ်နယ်ပေးလိုက်ပါ။

၂။ ထို့နောက် သင့်လက်ကို ရေဆွတ်ပြီးနောက် နယ်ထားသော ကြက်သားအရောအနှောကို စားပွဲတင်ဇွန်း ၃ ဇွန်းစာခန့် ခပ်ယူပြီး လုံးပေးလိုက်ပါ။ ထို့နောက် ကြက်သားပြားဖြစ်သွားအောင် လက်နှစ်ဖက်ဖြင့် ဖိပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားပြားများထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ကြက်သားပြားနှစ်ဖက်စလုံး ကြော်ပြီးတဲ့အခါမှာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားပြားကြော်လေး ရရှိသွားပါပြီ။

သခွားသီး၊ အချဉ်ရည်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: 3hungrytummies.blogspot.com