Thousand Island Sauce ကို အရွက်အစုံ Salad ပေါ်မှာ ဆမ်းပြီး စားခြင်း၊ အသားညှပ် ပေါင်မုန့် ထဲတွင် ထည့်ရ်ျလည်း စားသုံးပါသည်။
ပါဝင်ပစ္စည်းများ
- Mayonnaise ၈ ဇွန်း(စားပွဲတင်ဇွန်း)
- Ketchup ၂ ဇွန်း(စားပွဲတင်ဇွန်း)
- သံပုရာရည် ၁ ဇွန်း(စားပွဲတင်ဇွန်း)
- သကြား ၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
- သံလွင်ဆီ ၁ ဇွန်း(စားပွဲတင်ဇွန်း)
- ကြက်ဥပြုပ် ၁ လုံး
- ကြက်သွန်ဖြူမှုန့် ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
- ကြက်သွန်နီမှုန့် ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)
- ဆား (အနည်းငယ်)
- ငရုပ်ကောင်းမှုန့် (အနည်းငယ်)
ပြုလုပ်နည်း
- ပါဝင် ပစ္စည်းများ အားလုံးကို ပန်းကန်လုံး တစ်ခုထဲတွင် ထည့်ပြီး ကြက်ဥပြုတ် တစ်လုံးကို ဓားဖြင့် နုပ်နုပ်လေးတွေ ပြုလုပ်ပြီး (အနှစ်ရော အကာပါ) ရောထည့်၍ နှံ့အောင် မွှေပေးလိုက်လျှင် Thousand Island Sauce ကိုရပါပြီ။
Credit: ဇွဲသုသု