အားလုံးပဲမင်္ဂလာပါနော်။ မတူညီတဲ့ဟင်းလျာ အသစ်အသစ်တွေကို ရှာဖွေချက်ပြုတ်နေသူတွေအတွက် ဒီတခါမှာတော့ အရောက်အသွေးစုံလင်လှတဲ့ ပဲမျိုးစုံသုပ်လေး လုပ်စားလို့ရအောင် မျှဝေပေးသွားပါမယ်နော်။

အဲဒီဟင်းလျာကတော့ မက္ကစီကို ပဲ ၃ မျိုးသုပ်လို့လည်းခေါ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ အနိုင်ရထားတဲ့ ဟင်းလျာဖြစ်ပါတယ်။ အရသာရှိရုံသာမကပါဘူး ပရိုတင်းဓာတ်ကြွယ်ဝပြီး နေ့လည်စာ အဖြစ်သုံးဆောင်နိုင်သလို၊ ဟင်းလျာအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်နော်။

ပဲကိုတော့ မိမိနှစ်သက်ရာ သုံးလို့ရပါတယ်။ ပဲနီ၊ ပဲဝါ၊ မတ်ပဲ စသဖြင့် သုံးလို့ရပါတယ်။ အဲဒီပဲတွေကို သေချာလေး နူးနေအောင်ပြုတ်လိုက်ပါ။

ပြောင်းဖူးပြုတ်ထည့်ပါမယ်။

ကြက်သွန်နီ တောက်တောက်စဉ်းထည့်ပါ။

နံနံပင်အနည်းငယ်သုံးပါမယ်။

ထောပတ်သီးကိုလည်း အတုံးသေးသေးလေးတွေ လှီးလိုက်ပါ။

ငရုတ်ပွသီးအနီသီး တောက်တောက်စဉ်းပါ။

ပြီးသွားရင်တော့ သံပရာရည်၊ ဆား၊ နဲ့တခြား ဟင်းခတ်အမွှေးအကြိုင်တွေ၊ နံနံပင် နဲ့ ရောပြီး အချဉ် (သို့) ဆော့စ်လုပ်ကာအသုတ်ပေါ်မှာ လောင်းထည့်ပြီး သုပ်လိုက်ရုံပါပဲ။

အဲဒီအချဉ်ရည်နဲ့မကြိုက်ဘူးဆိုရင်လည်း ကိုယ့်ဖာသာကိုယ် ဆား၊ သံပရာရည်၊ ငံပြာရည်၊ ငရုတ်သီး၊ ဆီအနည်းငယ် စတာတွေနဲ့ သုပ်လိုက်လို့ရပါတယ်နော်။

Source: www.lemonblossoms.com