အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကို ပြုတ်ကျော်လုပ်ပြီး ချက်စားရအောင်ပါ။ အသားလေးက နူးနူးအိအိလေးနဲ့ အရမ်းကိုစားလို့ကောင်းပါတယ်နော်။
ပါဝင်ပစ္စည်း
- ကြက်သား
- ကြက်သွန်မြိတ်
- ဂျင်း
- ကြက်သွန်ဖြူ
- ပဲငံပြာရည်အနှောက်
- ဆား
- သကြား
- ပင်စိမ်းရွက်
- ဆီ
ပြုလုပ်နည်း
ကြက်သားကို အတုံးလေးတွေ လှီးပေးထားလိုက်ပါ။
တခြားပါဝင်ပစ္စည်းတွေကိုလည်း ပြင်ဆင်ထားပါ။
ရေကို ဆူအောင်သည်လိုက်ပြီး ကြက်သားထည့်ပြုတ်လိုက်ပါ။
အသားသိပ်မကျက်ခင်မှာပဲ မီးဖိုပေါ်ကချပြီး ရေဆစ်လိုက်ပါ။
အိုးထဲကို ဆီထည့်ပါ။ ဂျင်းထည့်ကြော်ပါ။ ပြီးရင် ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူကို ဆီသတ်လိုက်ပါ။
အဲဒီနောက် ကြက်သားတွေထည့်လိုက်ပါ။
သေချာနှံ့အောင်ကြော်ပြီး ပဲငံပြာရည်အနှောက်ထည့်ပါ။
ဝိုင်လည်းနည်းနည်းထည့်ပါမယ်။
ဆားနဲ့သကြားထည့်လိုက်ပါ။
ပြီးရင်တော့ အဖုံးလေးအုပ်ထားလိုက်ပါ။ ၄ မိနစ်လောက်အုပ်ထားရပါမယ်။
ပြီးရင်တော့ အဖုံးကို ပြန်ဖွင့်ပေးလိုက်ပါ။
အရည်လည်းခမ်းပြီး အသားလေးလည်း နူးပြီဆိုရင်တော့ ပင်စိမ်းရွက်ထည့်လိုက်ပါ။
အဲဒီနောက် သေချာမွှေပေးလိုက်ပြီး သုံးဆောင်နိုင်ပါပြီနော်။
Source: www.yumofchina.com
By: MyFood Myanmar