အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်တောင်ပံကို ရိုးရိုးလေးနဲ့ နူးနူးအိအိလေးချက်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်တောင်ပံ ၁ ပေါင် ခန့်
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်း ၁ လက်မခန့်
  • ကြက်သွန်ဖြူ ၂ မွှာ (တောက်တောက်စဉ်းပါ)

  • ဝိုင် ခွက် ၁/၄ ပုံ
  • ပဲငံပြာရည် အနှောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပင်စိမ်းရွက် (သို့) ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး နှမ်းဆီ၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ထားလိုက်ပါ။

ကြက်တောင်ပံထည့်လိုက်ပြီး အညိုရောင်ဖြစ်သွားတဲ့အထိ ကြော်ပေးပါ။

အဲဒီနောက် ဝိုင်ထည့်လိုက်ပြီး ပဲငံပြာရည်တွေထည့်လိုက်ပါ။

အဖုံးအုပ်ထားလိုက်ပြီး ၁၀ မိနစ်လောက် ဆူအောင်ထားပါ။

ပြီးရင်တော့ အဖုံးကိုဖွင့်လိုက်ပါ။

ကြက်တောင်ပံက အနေတော်လောက်ရပြီး နူးနေပြီဆိုရင်တော့ ပင်စိမ်းရွက်လေး အုပ်လိုက်ပြီး နွမ်းအောင်ထားလိုက်ပါ။ ဒါဆိုရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar