ဒီပဲသီးအရှည်ချက်ကို များသောအားဖြင့် တောသူတောင်သားတွေ လယ်တောသွားရင် အပင်ကနေ လတ်လတ်ဆတ်ဆတ်ခူးလာပြီး ချက်ချင်းချက်စားကျတဲ့ ဟင်းဖြစ်ပါတယ်။ အချိန်တိုတို စားချင်ဘွယ်ရာကောင်းသော ဟင်းလျှာတစ်ခွက်ဖြစ်ပါတယ်။ မစည်အကြိုက် ပြန်လည်ပြုပြင်ပြီး အားလုံးလဲ ပြန်ချက်စားကြည့်လို့ရအောင် ရှယ်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးနီတူခြောက် – လက်တဆုပ်လောက် (လှော်ပြီးသား၊ မညက်တစ်ညက်ထောင်းထားပါ)
- ပဲသီးအရှည် – ၃ စီး (အနေတော် အရှည်လေးတွေ ပိုင်းထားပါ)
- ငရုတ်သီးစိမ်း – ၂၀ တောင့်(ခတ်သေးသေးလေးတွေ ညှပ်ထားပါ)
- ငံပြာရည် – သင့်တော်ရုံ
- ကြက်သားမှုန့် – ၁ ဇွန်း လက်ဖက်ဇွန်း
- နနွင်းမှုန့် – အနည်းငယ်
- မန်းကျီးမှည့် – ၁ ဇွန်းခွဲ လက်ဖက်ဇွန်း (အဖတ်လိုက် ထည့်ပါ)
- စိမ်းစားငပိ – ၁ ဇွန်း (အရည်ဖျော်ထားပါ)
- နံနံပင် – ၃ ပင် (ခတ်ကြမ်းကြမ်းလေးတွေ ဖြတ်ထားပါ)
ပြင်ဆင်ပြုလုပ်နည်း
ဟင်းအိုးထဲသို့ ရေအနည်းငယ် နှင့် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးတည်ပါ။
ပဲသီးအရမ်း နူးအိတဲ့အထိ မတည်ပါနှင့်။
ရေခန်း သွားလျှင် ဆားအပေါ့အငန်မြည်းပြီး လိုတာထပ်ဖြည့်ပါ ။ မီးဖိုပေါ်မှချပြီး နံနံပင်အုပ်ပါ။ ဗိုက်ဆာဖွယ်ရာ ဆွဲဆောင်မှုအနံ့လေးနဲ့ ဟင်းတစ်ခွက်ရလာမှာပါ။
Credit: Syi Foodsgarden