ထမင်းစားတဲ့အခါ ဟင်းရည်ပူပူလေးနဲ့ အရသာရှိရှိ သုံးဆောင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ပဲပြား ကင်ချီဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၈ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ၁ လက်မပတ်လည် ဂျင်းတုံး ၁ တုံး (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း
  • ပဲပြား ၁ တုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကင်ချီ ပန်းကန်လုံး ၁ လုံးခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒန်အိုးကို အပူပေးပြီးနောက် နှမ်းဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၃ မိနစ်ခန့် ဆီသတ်ပါ။

၂။ ထို့နောက် ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်ထည့်ပါ။ ပဲငံပြာရည်၊ ငရုတ်သီးနှစ်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျော့ချလိုက်ပါ။ ထို့နောက် ပဲပြားနှင့် ကင်ချီတို့ထည့်ကာ တစ်ကြိမ်ခန့် မွှေပေးလိုက်ပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် ၃ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ ပြီးရင်တော့ မီးဖိုပေါ်က ချပြီးနောက် ဟင်းရည်ပန်းကန်လုံးထဲထည့်ကာ ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြားကင်ချီဟင်းရည်လေး ရရှိသွားပါပြီ။ ထမင်းပူပူလေးနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Cookinglight.com