(Unicode)

အားလုံးပဲ မင်္ဂလာပါ။ အစားအစာနှစ်မျိုးရဲ့အရသာကို ပေါင်းစပ်ပြီး အရသာရှိတဲ့ဟင်းလျာတစ်မျိုးရအောင် ချက်ပြုတ်ပြင်ဆင်ချင်သူများအတွက် ဒီတစ်ခါမှာတော့ ပဲပြား ဝက်သားစဉ်းကောကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး
  • ကြက်သွန်မြိတ် ၁ စည်း ( ၂ စင်တီမီတာခန့် လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)

  • ဝက်သား ၁၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ (သို့) ဝက်သားပြုတ်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို အတုံးခပ်သေးသေးတုံးထားပြီးနောက် ဆားရေထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ပဲပြားတုံးများကို ခပ်ထုတ်လိုက်ပြီး ရေဖြင့် ထပ်မံဆေးကြောပေးလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသော ဝက်သားများကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပဲပြားများထည့်ပြီး ၅ မိနစ်မှ ၁၀ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပဲပြားကို မီးအေးအေးပဲ ကြော်ပေးရပါမယ်။ ပဲပြားကြော်နေစဉ်အတောအတွင်းမှာလည်း ဟိုဘက် ဒီဘက် အမြဲမပြတ်လှန်ပေးရပါမယ်။

၄။ ပဲပြားများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ ဆယ်ယူလိုက်ပါ။ ကျန်ရှိနေတဲ့ ဒယ်အိုးထဲက ဆီထဲသို့ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၅။ ထို့နောက် နုပ်နုပ်စဉ်းထားသော ဝက်သားများ ထည့်ကာ ဝက်သားရဲ့နဂိုမူလအရောင် ပျောက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ပဲပြား၊ ဆားအနည်းငယ်၊ ပဲငံပြာရည်နှင့် ရေ တို့ထည့်ပြီး ၅ မိနစ်ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ကာ တစ်ချက်လောက် မွှေပေးလိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ပဲပြား ဝက်သားစဉ်းကော ရောကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Chinasichuanfood.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ အစားအစာႏွစ္မ်ိဳးရဲ႕အရသာကို ေပါင္းစပ္ၿပီး အရသာရွိတဲ့ဟင္းလ်ာတစ္မ်ိဳးရေအာင္ ခ်က္ျပဳတ္ျပင္ဆင္ခ်င္သူမ်ားအတြက္ ဒီတစ္ခါမွာေတာ့ ပဲျပား ဝက္သားစဥ္းေကာေၾကာ္ ျပဳလုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ပဲျပား ၁ တံုး
  • ၾကက္သြန္ၿမိတ္ ၁ စည္း ( ၂ စင္တီမီတာခန္႔ လွီးျဖတ္ထားပါ)
  • ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ၾကက္သြန္ျဖဴ ၁ ျမႊာ (ပါးပါးလွီးထားပါ)
  • တစ္လက္မပတ္လည္ ဂ်င္းတံုး တစ္တံုး (ပါးပါးလွီးထားပါ)

  • ဝက္သား ၁၂၅ ဂရမ္ (ႏုပ္ႏုပ္စဥ္းထားပါ)
  • ပဲငံျပာရည္အၾကည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
  • ေရ (သို႔) ဝက္သားျပဳတ္ရည္ စားပြဲတင္ဇြန္း ၂ ဇြန္း
  • ဆား ႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
  • ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲႏွင့္ ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ပဲျပားကို အတံုးခပ္ေသးေသးတံုးထားၿပီးေနာက္ ဆားေရထဲတြင္ ၁၀ မိနစ္ခန္႔ စိမ္ထားလိုက္ပါ။ ၁၀ မိနစ္ျပည့္ပါက ပဲျပားတံုးမ်ားကို ခပ္ထုတ္လိုက္ၿပီး ေရျဖင့္ ထပ္မံေဆးေၾကာေပးလိုက္ပါ။

၂။ ပန္းကန္လံုးတစ္လံုးထဲတြင္ ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သားမ်ားကို ဆား လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္၊ ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း တစ္ဝက္၊ ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ျဖင့္ သမေအာင္ ေရာနယ္ထားလိုက္ပါ။

၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ပဲျပားမ်ားထည့္ၿပီး ၅ မိနစ္မွ ၁၀ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ ပဲျပားကို မီးေအးေအးပဲ ေၾကာ္ေပးရပါမယ္။ ပဲျပားေၾကာ္ေနစဥ္အေတာအတြင္းမွာလည္း ဟိုဘက္ ဒီဘက္ အၿမဲမျပတ္လွန္ေပးရပါမယ္။

၄။ ပဲျပားမ်ား ေရႊညိဳေရာင္ ေျပာင္းသြားၿပီဆိုရင္ေတာ့ ပန္းကန္လံုးထဲ ဆယ္ယူလိုက္ပါ။ က်န္ရွိေနတဲ့ ဒယ္အိုးထဲက ဆီထဲသို႔ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းတို႔ထည့္ၿပီး အနံ႔ေမႊးလာသည္အထိ ဆီသတ္ေပးလိုက္ပါ။

၅။ ထို႔ေနာက္ ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သားမ်ား ထည့္ကာ ဝက္သားရဲ႕နဂိုမူလအေရာင္ ေပ်ာက္သြားသည္အထိ ေၾကာ္ေပးလိုက္ပါ။

၆။ ေနာက္တစ္ဆင့္အေနနဲ႔ ပဲျပား၊ ဆားအနည္းငယ္၊ ပဲငံျပာရည္ႏွင့္ ေရ တို႔ထည့္ၿပီး ၅ မိနစ္ခန္႔ ပြက္ပြက္္ဆူလာေအာင္ တည္ထားလုိက္ပါ။ မီးဖိုေပၚက ခ်ခါနီးက်မွ ၾကက္သြန္ၿမိတ္ထည့္ကာ တစ္ခ်က္ေလာက္ ေမႊေပးလိုက္ပါ။

ထိုအဆင့္မ်ား အားလံုးၿပီးသြားၿပီဆိုရင္ေတာ့ အရသာရွိတဲ့ ပဲျပား ဝက္သားစဥ္းေကာ ေရာေၾကာ္ေလး ရရွိသြားပါၿပီ။ ထမင္းနဲ႔အတူတူ အရသာရွိရွိ သံုးေဆာင္လိုက္ပါ။

Source: Chinasichuanfood.com