အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပုစွန်နှင့် ဝက်သားစဉ်းကော တို့ဟူးပေါင်းဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥတို့ဟူး ၄ တုံး
  • ကြက်သွန်မြိတ် ၁ ဝက် (ပါးပါးလှီးထားပါ)
  • တရုတ်မှိုခြောက် ၂ ပွင့် (ရေစိမ်ထားပြီးနောက် ပါးပါးလှီးပါ)
  • ဝက်သား ၁၀၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် ၆ ကောင် (အခွံခွာပြီး ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇါန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

ထို့နောက် ဝက်သားနှင့် မှိုတို့ထည့်ကာ သမအောင် မွှေကြော်ပါ။ ပြီးမှ ပုစွန်ထည့်ပါ။

ထို့နောက် ပဲငံပြာရည်၊ နှမ်းဆီ၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ၁ မိနစ်ခန့် သမအောင် ကြော်ပါ။ ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

၂။ ကြက်ဥတို့ဟူးများကို ၁ လက်မအထူခန့် လှီးဖြတ်ပြီးနောက်မှာ ပန်းကန်ပြားထဲ ထည့်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ကာ ၂ မိနစ်ခန့် ပေါင်းပါ။

၃။ သတ်မှတ်ချိန်ပြည့်ပါက စောစောက အသားစဉ်းကောကြော်များကို တို့ဟူးပေါ်တင်ကာ ပေါင်းအိုးထဲတွင် ၁ မိနစ်ခန့် ပေါင်းပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ အသားစဉ်းကော တို့ဟူးပေါင်းဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Asianfoodnetwork.com