အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ဟင်းလျာတစ်မျိုး ပြုလုပ်နည်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထိုဟင်းလျာကတော့ အမဲသား ပဲပြားဟင်းပဲဖြစ်ပါတယ်။ အမဲသား အသုံးမပြုချင်ပါက ဝက်သား (သို့) ကြက်သား စသည်တို့ကို အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

ပါဝင်ပစ္စည်း

  • ပဲပြား ၁ တုံး
  • အမဲသား (သို့) ဝက်သား (သို့) ကြက်သား ၇၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းအနှစ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဖွန်း
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြားနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစီ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားကို အလယ်တည့်တည့်ကနေ လှီးလိုက်ပါ။ ထို့နောက် ဆီပူထဲတွင် ပဲပြားများကို ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ပဲပြားများ ရွှေညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲမှ ဆယ်ယူပြီးနောက် ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။

၂။ အခြားဒယ်အိုးထဲတွင် ဆီထည့်ပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ထည့်ကာ ဆီသတ်ပါ။ နုပ်နုပ်စဉ်းထားသော အသားများ ထည့်ကျော်လိုက်ပါ။

၃။ ရရှိလာတဲ့ အမဲသား (သို့) ဝက်သား (သို့) ကြက်သားကြော်ကို ပဲပြားပေါ် လောင်းချလိုက်ပါ။

၄။ ဒါဆိုရင်တော့ အမဲသား ပဲပြားဟင်းလျာလေး ရရှိသွားပြီပဲဖြစ်ပါတယ်။ ထိုဟင်းလျာကို ထပ်မံအလှဆင်ချင်တယ်ဆိုရင်တော့ ငရုတ်သီးတောင့်နဲ့ ကြက်သွန်မြိတ်များကို ထပ်မံအသုံးပြုနိုင်ပါသေးတယ်။

Source: tasteasianfood.com