ချဉ်ချဉ်စပ်စပ်ဟင်းရည်ကိုမှ ကြိုက်နှစ်သက်သူများအတွက် တုန်ယမ်းဟင်းချိုကတော့ လျှာလည်စေမယ့် ဟင်းရည်တစ်ခွက်ပါပဲ။ စာဖတ်သူအနေနဲ့ ရိုးရာတုန်ယမ်းဟင်းချိုကို ကြိုက်နှစ်သက်တယ်ဆိုရင် အခုဝေမျှပေးမယ့် တုန်ယမ်းထမင်းကြော်ကိုလည်း ကြိုက်နှစ်သက်မယ်ဆိုတာ ရဲရဲကြီးအာမခံရဲပါတယ်။

ပါဝင်ပစ္စည်းများ

• ထမင်း ၃၀၀ ဂရမ်
• ကြက်ပေါင် ၁၂၀ ဂရမ် (အတုံးငယ်များ တုံးထားပါ)
• စပါးလင် ၂၀ ဂရမ် (ပါးပါးလှီးထားပါ)
• ငရုတ်သီး ၃ တောင့်နှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
• ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စပါးလင်၊ ငရုတ်သီးတောင့်၊ ငါးငံပြာရည်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်နှစ်တို့ကို ငရုတ်ဆုံထဲတွင် ညှက်နေအောင် ထည့်ထောင်းပြီးနောက် ပန်းကန်လုံးတစ်လုံးထဲတွင် ခပ်ထားလိုက်ပါ (သင့်အနေနဲ့ အစပ်မစားနိုင်ဘူးဆိုရင်တော့ ငရုတ်သီးတောင့်များ မထည့်ပါနဲ့)။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ထို့နောက် ကြက်သားတုံးများကို ၅ မိနစ်မှ ၈ မိနစ်ခန့်အထိ ထည့်ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ ခပ်ထည့်ထားလိုက်ပါ။

၃။ ထိုဒယ်အိုးကိုပဲ အလယ်အလတ်မီးအပူချိန်ပေးပြီး ထောင်းထားသော ငရုတ်သီးအနှစ်အရောအနှောများကို စက္ကန့် ၃၀ ခန့် ထည့်ကြော်ပေးလိုက်ပါ။

ထို့နောက် ထမင်းများကို အိုးထဲထည့်ကာ ၅ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ပြီးရင်တော့ စောစောကကြော်ထားသော ကြက်သားတုံးများကို ထမင်းနဲ့အတူ ရောကြော်ပေးလိုက်ပါ။

ထိုအဆင့်များအားလုံးပြီးသွားပြီဆိုရင်တော့ ထမင်းကြော်ကို ပန်းကန်ပြားထဲပြောင်းထည့်ကာ သံပုရာသီး၊ ငရုတ်သီးတို့ဖြင့် အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

Source: Asianfoodchannel.com