အားလုံးပဲမင်္ဂလာပါနော်။ ပုဇွန်တုံယမ်းဟင်းရည်လေးကို ကြိုက်ကြလားရှင့်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ဆို အရသာရှိပြီး ခံတွင်းရှင်းလို့ လူကြိုက်များပါတယ်။
အရသာရှိပြီး ပူပူနွေးနွေး ပုဇွန်တုံယမ်းဟင်းရည်လေးကို အိမ်မှာချက်စားလို့ရအောင် မျှဝေပေးသွားမယ်နော်။
ပါဝင်ပစ္စည်း
- ကြက်စွပ်ပြုတ်ရည် (မရှိရင် အသင့်သုံးကြက်စွပ်ပြုတ်ရည် (သို့) ပင်လယ်စာ စွပ်ပြုတ်ရည် ကို ဝယ်လို့ရပါတယ်။)
- ဂျင်း အနည်းငယ်
- စပါးလင် ၁ ချောင်း ( နုတဲ့အပိုင်းကို တောက်တောက်စဉ်းလိုက်ပါ။)
- ငရုတ်သီးတောင့် ၄ တောင့်ခန့်
- ရှောက်ရွက် အနည်းငယ်
- ကြက်သွန်ဖြူ ၄ မွှာ တောက်တောက်စဉ်းပါ
- ကြက်သွန်နီ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၃ ဇွန်း
- ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
- ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
- သံပရာရည် အနည်းငယ်
- မှို
- ပုစွန်
- ခရမ်းချဉ်သီး တစ်လုံး (အတုံးလိုက်လှီးပါ)
- ငရုတ်စပ်အရည် (သို့) ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နံနံပင် အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်စွပ်ပြုတ်ရည်၊ စပါးလင် တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင်တည်လိုက်ပါ။
ပြီးရင်တော့ ဂျင်း ၊ ကြက်သွန်နီ၊ ဖြူ၊ ရှောက်ရွက်၊ ငရုတ်သီး၊ သံပရာရည်၊ ငါးငံပြာရည်၊ ပဲငံပြာရည် စတာတွေကိုထည့်လိုက်ပြီး ၅ မိနစ်လောက် ထားပါ။
ပြီးရင်တော့ မှိုထည့်ပါမယ်။ တခြားအသီးအရွက်တွေကြိုက်ရင်လည်းထည့်ပါ။ (ပန်းဂေါ်ဖီ၊ မုန်လာဥနီစသည်)
ပုဇွန်နဲ့ ခရမ်းချဉ်သီးထည့်ပါ။
ရပြီဆိုရင် အပူချိန်ကိုလျှော့လိုက်ပြီး အရသာမြည်းကြည့်ပါ။ အငန်လိုရင် ထပ်ထည့်ပါ။ အရောင်လေးလှအောင် ငရုတ်စပ်ရည် (သို့) ငရုတ်သီးအနှစ် လေး ထည့်လိုက်ပါ။
ရပြီဆိုရင် မီးဖိုပေါ်ကချပြီး နံနံပင်ခြွေထည့်ကာ သုံးဆောင်လို့ရပါပြီနော်။
Source: www.lemonblossoms.com