ကျမကတော့ ဝမှာကြောက်တဲ့အတွက် ဆီမထည့်ဘဲ ရိုးရိုးလေး သုပ်စားတာ ကြိုက်တယ်။ စိမ်းစိမ်းစိုစို ခရမ်းချဉ်သီးလေး သုပ်စားကြရအောင်နော်။
ပါဝင်ပစ္စည်းများ
ကြက်သားကြော်
ခရမ်းချဉ်သီးနီ
ခရမ်းချဉ်သီးစိမ်း
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ငါးပိမီးဖုတ် – အနည်းငယ်
ဆား – အနည်းငယ်
ဟင်းအချိုမှုန့် – အနည်းငယ်
ရှောက်သီး (သို့) သံပုရာသီး
ပြင်ဆင်ပြုလုပ်နည်း
ကြက်သားကို ပြုတ်ကြော်လေးလုပ်ပြီး အသားများကို အမျှင်လေးများဖြစ်အောင် နွှာထားပါ။
ခရမ်းချဉ်သီးအနီ နှင့် အစိမ်းကို ထက်ခြမ်းခွဲ အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ။ ငရုပ်သီးစိမ်းကို ပါးပါးလှီးထားပါ။
ကြက်သွန်နီကိုလည် ပါးပါးလှီး ရေဆေးထားပါ။
အားလုံး ပြင်ဆင်ပြီးလျှင် ပါဝင်ပစ္စည်းများ အားလုံး ရောထည့် ၊ ရှောက်ရည်လေးညှစ်ပြီး၊ သုပ်နယ်ပြီးလျှင် ချဉ်ချဉ်စပ်စပ် ကြက်သားနဲ့ ခရမ်းချဉ်သီးသုပ် ရပါပြီ။
Credit: Athae Phyu