အားလုံးပဲမင်္ဂလာပါနော်။ ချဉ်ချဉ် လေးနဲ့ အရသာတမူထူးခြားတဲ့ ကြက်ဥ ခရမ်းချဉ်သီး နဲ့ ခေါက်ဆွဲချက် ချက်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ခေါက်ဆွဲ (မိမိနှစ်သက်တာရွေးချယ်နိုင်ပါတယ်)
  • ဆီ အနည်းငယ်
  • ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်သွန်မြိတ် တစ်ပင် (တောက်တောက်စဉ်း)
  • ခရမ်းချဉ်သီး ၂ လုံး (သို့) ၃ လုံး (ပါးပါးလှီးပါ)

  • ကြက်သားစွပ်ပြုတ်ရည် ၂ ခွက်ခွဲ (ရိုးရိုးရေလည်းသုံးနိုင်ပါတယ်)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • နှမ်းဆီ၊ ဆားအနည်းငယ်
  • ကြက်ဥ ၁ လုံး

ပြုလုပ်နည်း

အရင်ဆုံး အိုးထဲရေထည့်ပြီးဆူအောင်သည်လိုက်ပါ။ ခေါက်ဆွဲကို နူးအောင်ပြုတ်လိုက်ပြီးရေဆစ်လိုက်ပါ။

ဆီကိုအပူပေးပြီး ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်ကိုထည့်ကြော်လိုက်ပါ။ ခရမ်းချဉ်သီးထည့်ကြော်ပါ။

ခရမ်းချဉ်သီးနူးအိလာပြီဆိုရင်တော့ ကြက်စွပ်ပြုတ်ရည်ထည့်လိုက်ပါ။ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ နျမ်းဆီထည့်ပြီး ခဏအုပ်ထားလိုက်ပါ။

ပြီးရင်တော့ ကြက်ဥကို ခလောက်ပြီးထည့်လိုက်ပါ။

သေချာလေးမွှေပေးလိုက်ပါ။ အရသာမြည်းကြည့်ပါ။ အနေတော်ဆိုရင်တော့ ကြက်သွန်မြိတ် ထိပ်ပိုင်းကို ပါးပါးလှီးထည့်ပါ။ ခေါက်ဆွဲထည့်လိုက်ပြီး အရသာလိုရင် ဆားနဲ့ ငရုတ်သီးထည့်ပြီး သုံးဆောင်နိုင်ပါတယ်နော်။

Source: www.thewoksoflife.com

By: MyFood Myanmar