အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ Tonkatsu လို့ခေါ်တဲ့ ဂျပန်ဆော့စ်ဖြင့် ပြုလုပ်ထားသော ဝက်သားပြားကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • Panko ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ဝက်သားတုံး အတုံးကြီး ၄ တုံးခန့်

  • ကြော်ရန် ဟင်းသီးဟင်းရွက်ဆီ

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (အခွံခွာပြီး နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဟင်းခပ်အမွှေးအကြိုင် လက်ကဖ်ရည်ဇွန်း ၁ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥများကို မွှေခလောက်ထားပါ။ အခြားပန်းကန်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။ တတိယပန်းကန်လုံးတွင်တော့ Panko ပေါင်မုန့်အကြေအစများကို အဆင်သင့်ပြင်ထားပါ။

ဝက်သားပြားများကို ဂျုံမှုန့်ဖြင့် ကပ်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်ပေးလိုက်ပါ။

၂။ Oven ကို ၂၀၀ ဒီဂရီစင်တီဂရိတ် (၄၀၀ ဒီဂရီဖာရင်ဟိုက်)ဖြင့် ကြိုတင်အပူပေးထားပါ။

၃။ ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ။ ထို့နောက် ဝက်သားပြားများထည့်ကာ ၂ မိနစ်မှ ၄ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်မှ ၄ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ဝက်သားပြာများကို Oven ထဲထည့်မယ့် လင်ဗန်းထဲ တင်ထားလိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ ၇ မိနစ်မှ ၂၀ မိနစ်ခန့် အပူပေးလိုက်ပါ။

၄။ ထိုအချိန်တွင် ဆော့စ်ပြုလုပ်ပေးရပါမယ်။

ဒယ်အိုးအသေးတစ်လုံးတွင် ဆော့စ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများအားလုံး ပေါင်းထည့်ကာ ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဝက်သားပြားများကို Oven ထဲကထုတ်ကာ မထူမပါး လှီးဖြတ်ထားလိုက်ပါ။ ထို့နောက် စောစောကပြုလုပ်ထားသော ဆော့စ်များကို ဝက်သားပေါ် ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ဝက်သားပြားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Kitchensanctuary.com