ပါဝင်ပစ္စည်းများ
- ဂျုံမှုန့် (All-purpose Flour or whole Wheat Flour) – ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
- မုန့်ဖုတ်ဆိုဒါ – ၁ ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆား – ၁ ဇွန်း
- ဟင်းသီးဟင်းရွက် အဆီခဲ (Lard) – ၂ ဇွန်း မှ ၃ ဇွန်း
- ရေ – ၃ / ၄ ခွက် မှ – ၁ ခွက်ထိ
ပြင်ဆင်ပြုလုပ်နည်း
- ဇလုံကြီးကြီး တစ်ခုထဲမှာ ဂျုံမှုန့် ၊ မုန့်ဖုတ်ဆိုဒါ၊ ဆား စတာတွေကို သမအောင် မွှေပေးပါ။ ဟင်းသီးဟင်းရွက် အဆီခဲကို ထည့်ပြီး ဂျုံမှုန့်တွေနဲ့ သမအောင် မွှေပေးပါ။
- ရေကို အနည်းငယ်ချင်းစီ ထည့်မွှေပြီး အနည်းငယ်စေးပြီး လုံးထွေးချိန်လောက်မှသာ ဇလုံထဲမှထုတ်ပြီး ဂျုံမှုန့် ဖြူးထားတဲ့ စားပွဲပေါ်မှာ လှိမ့်လှိမ့်ပြီးနယ်ပါ။
- ချောမွတ်တဲ့ မုန့်သားရပြီဆိုလျှင် ခပ်ဝိုင်းဝိုင်းပုံ ပြုလုပ်ပြီး ၄ စိတ် မှ တဆင့် ၁၆ စိတ် (သို့) ၂၀ စိတ် ရအောင် ပြုလုပ်ပါ။ ဖြတ်ထားတဲ့ အပိုင်းလေးတွေကို လုံးပြီး ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ်မှာ ၅ မိနစ်ခန့် အဝတ်စပါးလေး အုပ်ထားပါ။
- ထိုမုန့်လုံးလေးတွေကို မုန့်လှိမ့်တုံးလေးနဲ့ လှိမ့်ကာ ညီညာအောင် ပြုလုပ်ပြီး Non-Stick Pan (သို့) မီးဖိုပေါ် မုန့်ဖုတ်ဇကာလေး အသုံးပြုပြီး ဖုတ်ပေးရပါမယ်။ သာမန်မီးအပူချိန် ဖြစ်ပါတယ်။ မုန့်သားလေးတွေ ပူစီဖောင်းကဲ့သို့ ဖောင်းတက်လာလျှင် ရပါပြီ ။ (သို့) မိမိစိတ်ကြိုက် ဖုတ်ပေးနိူင်ပါတယ်။
Credit : ဟင်းချက်နည်းများ