အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တွေထဲမှာ သစ်သီးအရမ်းကြိုက်သူတွေပါလားရှင့်။
သစ်သီးဆိုရင် ဒီတိုင်းလည်းစားတယ်၊ ဖျော်ရည်အနေနဲ့လည်း သောက်တယ်ဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ အသုပ်အနေနဲ့ သုပ်စားကြည့်ရအောင်လား။
သစ်သီးစုံရဲ့ အရသာကို တစ်ခါတည်းနဲ့ ခံစားနိုင်မှာပါနော်။
ပါဝင်ပစ္စည်းများ
- စတော်ဘယ်ရီသီး – ၁၂ လုံး
- ကီဝီ – ၂ လုံး
- နဂါးမောက်သီးနဲ့ သရက်သီး – တစ်ခြမ်းစီ
- သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
- မေပယ်သကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
၁။ အထက်ဖော်ပြပါ သစ်သီးအားလုံးကို အစိတ်စိတ်လေးတွေဖြစ်အောင်လှီးကာ ပန်းကန်လုံးကြီးကြီးတစ်ခုထဲထည့်ပေးပါ။
၂။ သစ်သီးစိတ်လေးတွေ အပေါ်ကနေ သံပုရာရည်နဲ့ မေပယ်သကာရည်စမ်းပေးကာ သေချာနှံ့အောင်နယ်ပေးပါ။
၃။ လတ်ဆတ်တုန်းမှာ သုံးဆောင်နိုင်သလို ပိုနေပါကလည်း လေလုံတဲ့ဘူးတစ်ခုထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက် ၂ ရက်ထိ သိမ်းဆည်းကာ စားနိုင်ပါတယ်။
Source: simpleveganblog.com