အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တွေထဲမှာ သစ်သီးအရမ်းကြိုက်သူတွေပါလားရှင့်။

သစ်သီးဆိုရင် ဒီတိုင်းလည်းစားတယ်၊ ဖျော်ရည်အနေနဲ့လည်း သောက်တယ်ဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ အသုပ်အနေနဲ့ သုပ်စားကြည့်ရအောင်လား။

သစ်သီးစုံရဲ့ အရသာကို တစ်ခါတည်းနဲ့ ခံစားနိုင်မှာပါနော်။

ပါဝင်ပစ္စည်းများ

  • စတော်ဘယ်ရီသီး – ၁၂ လုံး
  • ကီဝီ – ၂ လုံး
  • နဂါးမောက်သီးနဲ့ သရက်သီး – တစ်ခြမ်းစီ
  • သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
  • မေပယ်သကာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။ အထက်ဖော်ပြပါ သစ်သီးအားလုံးကို အစိတ်စိတ်လေးတွေဖြစ်အောင်လှီးကာ ပန်းကန်လုံးကြီးကြီးတစ်ခုထဲထည့်ပေးပါ။

၂။ သစ်သီးစိတ်လေးတွေ အပေါ်ကနေ သံပုရာရည်နဲ့ မေပယ်သကာရည်စမ်းပေးကာ သေချာနှံ့အောင်နယ်ပေးပါ။

၃။ လတ်ဆတ်တုန်းမှာ သုံးဆောင်နိုင်သလို ပိုနေပါကလည်း လေလုံတဲ့ဘူးတစ်ခုထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက် ၂ ရက်ထိ သိမ်းဆည်းကာ စားနိုင်ပါတယ်။

Source: simpleveganblog.com