အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာကတော့ ကိုရီးယားလူမျိုးတွေ အမြတ်တနိုးစားသုံးလေ့ရှိကြတဲ့ ထော့ပိုကီအစပ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကိုရီးယား ဆန်မုန့် (ထော့ပိုကီအချောင်း) ၄၀၀ ဂရမ်
  • ငါးအူချောင်း ၁၅၀ ဂရမ်
  • ရေ ၅၀၀ မီလီလီတာ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ဥ ၂ လုံး (ပြုတ်ပြီး အခွံခွာထားကာ ထက်ခြမ်းခြမ်းထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (၃ လက်မအရှည် လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးအူချောင်းကို ၁ စင်တီမီတာအရှည် လှီးဖြတ်ထားပါ။ ကြက်သွန်မြိတ်ကိုတော့ ၃ လက်မအရှည် လှီးဖြတ်ထားပါ)

၂။ ဒယ်အိုးကို အပူပေးပြီး ငရုတ်နှစ်၊ ငရုတ်သီးမှုန့် အနည်းငယ်၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရေ ၅၀၀ မီလီလီတာတို့ထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားပေးလိုက်ပါ။

၃။ ဆူပွက်လာသည်နှင့် တစ်ပြိုင်နက် ဆန်မုန့်နှင့် ငါးအူချောင်းတို့ကို ၁၅ မိနစ် ခန့် ထည့်ပြုတ်လိုက်ပါ။ ထော့ပိုကီချောင်းများ၊ ငါးအသားချောင်းများ ဒယ်အိုးမှာ ကပ်မနေဖို့ရန်အတွက် မကြာခဏ ဇွန်းဖြင့် မွှေပေးဖို့ လိုပါလိမ့်မယ်။

၄။ ထော့ပိုကီဟင်းအနှစ်လည်း ပျစ်သွားပြီး ထော့ပိုကီချောင်းတွေကလည်း နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်ကချလို့ရပါပြီ။ ပြီးရင်တော့ ကြက်သွန်မြိတ်နှင့် ကြက်ဥပြုတ်တွေထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Asianfoodchannel.com