အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ တော့ပိုကီအနှစ်များဖြင့် ချက်ပြုတ်ထားတဲ့ ကြက်ဥဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၈ လုံး (ဘဲဥလည်း အသုံးပြုနိုင်ပါတယ်)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ဆားအနည်းငယ်နှင့် ရှာလကာရည် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • ငရုတ်သီးနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေထည့်ပါ။ ဆားအနည်းငယ်၊ ရှာလကာရည်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြက်ဥ (သို့) ဘဲဥများထည့်ကာ အဖုံးပိတ်ပြီး ၇ မိနစ်ခန့် တည်ပါ။ ၇ မိနစ်ပြည့်ပါက ကြက်ဥပြုတ်များကို ရေအေးထဲတွင် ထည့်ကာ အအေးခံပါ။ ပြီးရင်တော့ အလွယ်တကူအခွံခွာလို့ရပါပြီ။

၂။ တစ်ဖန် ထိုအိုးကို ရေဆေးသန့်စင်ပြီးနောက် ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်းထည့်ပါ။ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ သကြား၊ ပျားရည်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်က သမအောင် ရောမွှေပါ။

၃။ ပွက်ပွက်ဆူလာတဲ့အခါ ပါးပါးလှီးထားသော ကြက်သွန်နီများ ထည့်ပါ။ မီးအပူချိန်ကို လျော့ပြီးနောက် ၅ မိနစ်ခန့် တည်ပါ။

၄။ ဟင်းရည်က ထက်ဝက်ခန့် လျော့သွားပြီဆိုရင်တော့ ကြက်ဥပြုတ်များထည့်ကာ ၂ မိနစ်ခန့် တည်ပါ။

၂ မိနစ်ပြည့်တဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ကြက်သွန်မြိတ်ဖြင့် အလှဆင်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Futuredish.com