တော့ပိုကီ ချက်နည်း
ပါဝင်ပစ္စည်း – တော့ပိုကီ ဆန်မုန့် ၊ ကိုရီးယား ငရုတ်သီးအနှစ် ( ၁ဇွန်း )၊ ကြက်သွန်မိတ်အကြီး၊ ငရုတ်သီးမှုန့် (၁ဇွန်း)
တော့ပိုကီသုံး ဆန်မုန့်ကို ရေနွေးထဲ ထည့်ပြီး ငရုတ်သီအနှစ် ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်း မွှေပေးပါ။
သကြား ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်း မွှေပေးပါ။
ပဲငံပြာရည် ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။
ကြက်သွန်မိတ် အကြီးကို စားလို့ကောင်းမယ့် အရွယ်အစားလောက် လှီးပေးပြီး ထည့်ပေးပါ။
နောက်ဆုံး ပါဝင်ပစ္စည်းဖြစ်တဲ့ ငရုတ်သီးမှုန့်ကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။
ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသောအခါ မီးကို အပူရှိန် နဲနဲတင်ပြီး ကောင်းကောင်း မွှေပေးပါ။
ဆန်မုန့်များ တခုနှင့် တခု မကပ်သွားအောင် ကောင်းကောင်းမွှေပေးပြီး ဆန်မုန့်များ အိအိတုန်တုန်လေးဖြစ်လာသောအခါ တော့ပိုကီ အဆင်သင့် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။