တော့ပိုကီ ချက်နည်း

ပါဝင်ပစ္စည်း – တော့ပိုကီ ဆန်မုန့် ၊ ကိုရီးယား ငရုတ်သီးအနှစ် ( ၁ဇွန်း )၊ ကြက်သွန်မိတ်အကြီး၊ ငရုတ်သီးမှုန့် (၁ဇွန်း)

တော့ပိုကီသုံး ဆန်မုန်ကကို ရေနွေးထဲ ထည့်ပြီး ငရုတ်သီအနှစ် ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်း မွှေပေးပါ။

1

သကြား ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်း မွှေပေးပါ။

2

ပဲငံပြာရည် ၁ဇွန်းကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။

3

ကြက်သွန်မိတ် အကြီးကို စားလို့ကောင်းမယ့် အရွယ်အစားလောက် လှီးပေးပြီး ထည့်ပေးပါ။

4

နောက်ဆုံး ပါဝင်ပစ္စည်းဖြစ်တဲ့ ငရုတ်သီးမှုန့်ကို ထည့်ပြီး ကောင်းကောင်းမွှေပေးပါ။

5

ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသောအခါ မီးကို အပူရှိန် နဲနဲတင်ပြီး ကောင်းကောင်း မွှေပေးပါ။

6

ဆန်မုန့်များ တခုနှင့် တခု မကပ်သွားအောင် ကောင်းကောင်းမွှေပေးပြီး ဆန်မုန့်များ အိအိတုန်တုန်လေးဖြစ်လာသောအခါ တော့ပိုကီ အဆင်သင့် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

7