ဗီယက်နမ် အမဲအမြီး ခေါက်ဆွဲ (Vietnamese Pho) က ဗီယက်နမ်နိုင်ငံကို လာရောက်လည်ပတ်သူတွေကြားမှာ နာမည်ကြီးတဲ့ ခေါက်ဆွဲ တစ်မျိုးပါ။

ဒီခေါက်ဆွဲကို မနက်စာအဖြစ် စားသုံးကြပါတယ်။

ပါဝင်ပစ္စည်းများ

အမဲသား ၁ ပေါင်

အမဲ အမြီး ၆ ပေါင်

ရေ ၃ ဂါလံ

အလယ်အလတ်ရှိတဲ့ ကြက်သွန်နီ ၂ ဥ

ဂျင်း ၁ တုံး

သစ်ကြမ်းပိုးခေါက် ၃ ချောင်း

Star Anise Pods ၆ ချောင်း (Market Place မှာ ရနိုင်ပါတယ်)

ငံပြာရည် ½ Cup

ဆား နဲ့ ငရုတ်ကောင်း အနည်းငယ်

ဆန်ခေါက်ဆွဲ ၁ ပေါင်

ကြက်သွန်နီ

ကြက်သွန်မြိတ်

ငရုတ်သီး

သံပုရာသီး တစ်စိတ်

နံနံပင်

ငရုတ်သီးအနီတောင့် အချဉ်

ပြုလုပ်နည်း

အိုးတစ်လုံးထဲကို အမဲအမြီးကို ရေခဲရေနဲ့ အတူ မြှပ်ရုံလောက် ထည့်လိုက်ပါ။ ပြီးရင် မီပြင်းပြင်း ဆူအောင် တည်ပါ။

ရေခမ်းအောင် တည်ပါ။ အမဲသား အခြေအနေ အပေါ်မူတည်ပြီး ရေထပ်ထည့်ပြီး ထပ်ခါထပ်ခါ နူးအောင် တည်ရပါမယ်။

ပြီးရင် ရေ ၃ ဂါလံ အိုးထဲထည့်ပြီး ဆူအောင် တည်ပါ။

မီးအရှိန်ကို လျော့လိုက်ပြီး ခဏတည်ထားလိုက်ပါ။

အဲ့ဒီအချိန်မှာ တခြား မီးဖိုတစ်ဖိုမှာ ကြက်သွန်နီတစ်ဥလုံးကို မီးဖိုပေါ်တင်ပြီး ကင်လိုက်ပါ။

ဂျင်းကို အနည်းငယ်ထောင်းလိုက်ပြီး အဲ့ဒီဂျင်း၊ ကြက်သွန်နီ မီးဖုတ် အလုံးလိုက်၊ သစ်ကြမ်းပိုးခေါက်၊ ဆား၊ Star Anise နဲ့ ငါး ငံပြာရည်တို့ကို ခုနက နွားမြီးပြုတ်ထားတဲ့ အိုးထဲထည့်ပါ။

၄ နာရီလောက် အဲ့အတိုင်း မီးအေးအေးလေးနဲ့တည်ထားပါ။ အပေါ်ကတက်လာတဲ့ အနယ်တွေကို ဖယ်ပေးပါ။

အဲ့ဒီအချိန်မှာ အမဲသား ၁ ပေါင်ကို တခါတည်း ရေနဲ့ ၁ မိနစ်လောက်ပြုတ်လိုက်ပါ။

ပြီးရင် အဲ့ဒီအမဲသားကို ပါးပါးလေး အသားလွှာလိုလှီးပါ။

ခေါက်ဆွဲ ဖတ်ကို အဆင်သင့်လုပ်ထားပါ။

၄ နာရီလောက် အမဲသား အိုးကို တည်ထားပြီးရင် ကြက်သွန်၊ ဂျင်း၊ သစ်ကြမ်းပိုးခေါက်၊ Star Anise တို့ကို ဖယ်လိုက်ပါ။

ခေါက်ဆွဲဖတ်ကို ပန်းကန်ထဲထည့်၊ ခုနက အမဲသား ပါးပါးလေးလှီးထားတာထည့် အမဲအမြီးပြုတ်ရည်ကို လောင်းချလိုက်ရင် အမဲသားလွှာက ချက်ခြင်း ကျက်သလောက်ဖြစ်သွားပါတယ်။ အမဲသားလွှာကို ကျက်မှ စားချင်ရင်လည်း ခုနက အမဲအမြီးမချခင် ထည့်ပြီး ပြုတ်လိုက်လို့ရပါတယ်။

ငံပြာရည်၊ ငရုတ်သီး အနီတောင့်၊ ငရုတ်သီးဆော့၊ သံပုရာသီး၊ နံနံပင် ညှစ်ထည့်ပြီး အရသာရှိတဲ့ အမဲအမြီးခေါက်ဆွဲလေးကို စားလို့ရပါပြီ။