ကိုရီးယားလူမျိုးတွေ ထမင်းစားတိုင်းမှာ မပါမဖြစ် စားလေ့ရှိတဲ့ ကင်ချီက ရှမ်းချဉ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ချဉ်ချဉ်စပ်စပ် ကင်ချီကို ဟင်းရည်လုပ်သောက်မယ်ဆိုရင်တော့ ထမင်းမြိန်စေမှာပါ။

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကင်ချီအပြင် ပဲပြား၊ တူနာငါးစတဲ့ အခြားအစားအစာများ ထည့်ချက်ပြီး ပိုမိုထူးခြားကောင်းမွန်တဲ့ ဟင်းရည်တစ်ခွက် ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကင်ချီ ပန်းကန်လုံးအသေး ၂ လုံးစာနှင့် ကင်ချီအရည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ပဲပြား ၁ တုံး (အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)

  • ကြက်ပြုတ်ရည် (သို့) အမဲပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၇၅၀ မီလီလီတာ (စားပွဲတင်ဇွန်း ၄၈ ဇွန်း)
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • တူနာငါး စည်သွပ်ဘူး ၁ ဘူးစာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီနှင့် ကင်ချီတို့ထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်ဖြူ၊ ပဲပားနှင့် ကြက်သွန်မြိတ်တို့ထည့်ပါ။ ကင်ချီအရည်နှင့် ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်တို့ထည့်ကာ မီးအပူချိန်ကို မြှင့်ပြီး အဖုံးအုပ်ထားပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ တူနာငါး ထည့်ပြီး နောက်ထပ် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။ ငါးငံပြာရည် ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ် တည့်သွားပြီဆိုရင်တော့ အရသာရှိတဲ့ တူနာ ကင်ချီဟင်းရည်လေး ရရှိသွားပါပြီ။

Source: Seonkyounglongest.com