အားလုံးပဲ မင်္ဂလာပါ။ ဟမ်ဘာဂါ ကြိုက်နှစ်သက်ပေမယ့် ဘာဂါအကြီးကြီးကို တစ်ထိုင်တည်းစားလို့မကုန်ဘူး။ ဘာဂါသေးသေးလေးဖြစ်တဲ့ မီနီဘာဂါပဲ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တူနာငါး ချိစ်မီနီဘာဂါ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တူနာငါး ၂၆ အောင်စ
  • ဒိန်ချဉ် (သို့) မိရောနိစ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပါးပါးလှီးထားသော ရှမ်းနံနံ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်ညှင်းနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပါးပါးလှီးထားေးသာ နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စီ
  • ပေါင်မုန့်လုံးအသေး (သို့) English Muffins ၆ လုံး
  • ခရမ်းချဉ်သီး ၄ လုံး (၁၂ လွှာ ရအောင် လှီးဖြတ်ထားပါ)
  • Cheddar ချိစ် ၁၂ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် တူနာငါး၊ မိရောနိစ်၊ ရှမ်းနံနံ၊ ကြက်သွန်နီ၊ မုန်ညှင်းနှစ်၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၂။ ပေါင်မုန့်လုံးများကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းပြီးနောက် လင်ဗန်းပေါ်တွင် တင်ထားကာ Oven ထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် မီးကင်လိုက်ပါ။

၃။ ပေါင်မုန့်မီးကင်များပေါ်သို့ တူနာငါးအရောအနှောများ အညီအမျှ သုတ်လိမ်းလိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီး တင်လိုက်ပါ။ ခရမ်းချဉ်သီးပေါ်တွင် ချိစ်ပြား တင်လိုက်ပါ။

၄။ ပြီးရင်တော့ Oven ထဲတွင် ၁ မိနစ်၊ ၂ မိနစ်ခန့် ချိစ်များအရည်ပျော်သွားသည်အထိ မီးအပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့နောက်မှာတော့ အရသာရှိတဲ့ တူနာငါး မီနီဘာဂါလေး ရရှိသွားပါပြီ။

Source: Tasteandsee.com