အသားပြားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အရသာရှိတဲ့ တူနာငါး အသားပြားကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တူနာငါး စည်သွပ်ဘူး ၁ ဘူး
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် ၁ အောင်စ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၄၅ ဂရမ် (၁.၆ အောင်စ) လေးထောင့်အတုံးငယ် ပါးပါးလှီးထားပါ)
  • ငရုတ်ပွအနီနှင့် အစိမ်း ၄၀ ဂရမ် (အစေ့များ ဖယ်ရှားပြီး လေးထောင့်အတုံးငယ် လှီးဖြတ်ထားပါ)

  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဆီ အနည်းငယ်

ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဆော့စ်ပြုလုပ်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေ၊ ရှာလကာရည်နှင့် သကြားတို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် တူနာငါး၊ မွှေခလောက်ထားသော ကြက်ဥ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ငရုတ်ပွ အနီနှင့် အစိမ်း၊ မိရောနိစ်၊ ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောနယ်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ထို့နောက် တူနာငါး အရောအနှောများကို စားပွဲတင်ဇွန်း ၁ ဇွန်းအမောက် ခပ်ယူကာ ဆီပူထဲ ထည့်ပါ။ ထို့နောက် ဇွန်းဖြင့် ငါးအသားပြား ပုံသဏ္ဍာန်ဖြစ်သွားအောင် ဖိကာ ၂ မိနစ်၊ ၃ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

၃။ ငါးအသားပြားက ရွှေညိုရောင်ပြောင်းသွားပြီဆိုရင်တော့ ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။ နယ်ထားသော တူနာငါးအရောအနှောများ ကုန်သွားသည်အထိ ထိုနည်းအတိုင်း ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တူနာငါးအသားပြားကြော်လေး ရရှိသွားပါပြီ။ ဖော်စပ်ထားသော ဆော့စ်ဖြင့် တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်ပြီး အရသာရှိပါတယ်။

Source: Mykoreankitchen.com