အားလုံးပဲ မင်္ဂလာပါ။ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ ငါးကို ထမင်းနဲ့အတူတူသုပ်စားပြီး အရသာရှိတဲ့ ငါးထမင်းနယ်လေး လုပ်စားကြည့်လိုက်ရအောင်။ မိမိကြိုက်နှစ်သက်ရာငါးနဲ့ သုပ်စားနိုင်ပေမယ့် အလွယ်ကူဆုံး စည်သွပ်ဘူး တူနာငါးနဲ့ပဲ အရ်ဦးဆုံးသုပ်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံးတစ်လုံးစာ
  • တူနာငါး စည်သွပ်ဘူးတစ်ဘူး
  • ပင်လယ်ရေညှိ ၂ ပြား၊ ၃ ပြားခန့်
  • နှမ်းစေ့ စားပွဲတင်ဇွန်း တစ်ဇါန်း
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ဆီနှင့် ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ထမင်းထည့်လိုက်ပါ။

၂။ ထမင်းပေါ်တွင် တူနာငါးများ ထည့်ထားလိုက်ပါ။

၃။ ထို့နောက် ပင်လယ်ရေညှိ၊ နှမ်းစေ့နှင့် ကြက်သွန်မြိတ်များထည့်ပါ။

ဆီနှင့် ဆားအနည်းငယ်ထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ တူနာငါးထမင်းသုပ်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com