အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူက အီတလီအစားအစာ ကြိုက်နှစ်သက်သူလား။ ဒါမှမဟုတ် ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲသုတ်၊ ခေါက်ဆွဲကြော် စတဲ့ ခေါက်ဆွဲစာတွေကို ကြိုက်တဲ့သူလား။

တကယ်လို့ သင်က ခေါက်ဆွဲစားရတာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ ပါစတာကို မြည်းစမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်။

ပါစတာကို အရသာရှိရှိစားသုံးချင်တယ် ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တူနာ ခရမ်းချဉ်သီးပါစတာ ပြုလုပ်နည်းကို အဆုံးထိ လေ့လာကြည့်လိုက်ပါ။ ပါစတာပြုလုပ်နည်းက လွယ်လှချည်လားလို့တောင် အံ့အားသင့်သွားမှာပါ။

ပါဝင်ပစ္စည်းများ

  • ပါစတာခေါက်ဆွဲခြောက် ၁ ပေါင် ( ၁ ထုပ်)
  • သံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၁၀ မြွှာ (ပါးပါးလှီးထားပါ)
  • ငါးပါးနီ ၄ ကောင်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • တူနာငါး စည်းသွပ်ဘူး တစ်ဘူး
  • Marinara လို့ခေါ်သည့် ခရမ်းချဉ်သီးဆော့စ် တစ်ပုလင်း
  • နံနံပင် အနည်းငယ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခေါက်ဆွဲခြောက်ကို ပြုတ်ထားပြီးနောက် Marinara ဆော့စ်ကိုလည်း အပူပေးထားလိုက်ပါ။

၂။ ထို့နောက် ဒယ်အိုးတစ်လုံးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ငါးပါးနီများထည့်ပါ။ ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၃။ နောက်တစ်ဆင့်အနေနဲ့ ခေါက်ဆွဲပြုတ်များထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် Marinara ခရမ်းချဉ်သီးဆော့စ်များကို ယောင်းမဇွန်း တစ်ဇွန်းစီခပ်ထည့်ကာ မကြာခဏမွှေပေးလိုက်ပါ။

၄။ ထို့နောက် တူနာငါးများ လောင်းထည့်ကာ ငါးများ မကြေမွသွားဖို့အတွက် ဖြည်းညှင်းစွာမွှေပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းစမ်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ တူနာငါး ခရမ်းချဉ်သီး ပါစတာခေါက်ဆွဲလေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

စားခါနီးကျမှ နံနံပင်လေး ဖြည်းထည့်လိုက်ပါ။

Source: Thewoksoflife.com