တူနာငါး စားသုံးခြင်းကြောင့် နှလုံးအားကောင်းခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးခြင်း၊ အရိုးအဆစ်များကို သန်မာစေခြင်း၊ ကိုယ်အလေးချိန် လျော့ချပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ခံစားရနိုင်ပါတယ်။

ဒီလိုကျန်းမာရေးအကျိုးကျေးဇူး မြောက်မြားစွာပေးစွမ်းနိုင်တဲ့ တူနာငါးဟင်းကို ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိအောင် ဘယ်လိုချက်စားကြမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Dev.wildalaskasalmonandseafood.com

  • တူနာငါး ၅၀၀ ဂရမ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းခပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီး ၂ တောင့်နှင့် ကုလားအော်သီး အနီ ၂ တောင့်

  • သံပုရာသီး ၁ လုံး
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး
  • ကြက်သွန်ဖြူ ၂ မြွှာနှင့် ကြက်သွန်နီ ၁ ဥ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နံနံပင်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငရုတ်သီး၊ ကုလားအော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။ ဂျင်းကို အခွံခွာပြီး ပါးပါးလှီးပါ။ သံပုရာသီးကို အရည်ညှစ်ထားလိုက်ပါ။ ထိုပါဝင်ပစ္စည်း (၆) မျိုးစလုံးကို ဖျော်စက်ထဲထည့်ထားပါ။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ထည့်ပြီးနောက် ဖျော်စက်အဖုံးပိတ်ကာ အနှစ်များ ရသည်အထိ မွှေပေးလိုက်ပါ။ (ထိုအနှစ်က အရမ်းပျစ်သွားတယ်ဆိုရင်တော့ ရေ စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ကာ ဖျော်နိုင်ပါတယ်။)

၂။ တူနာငါးကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခပ်မှုန့်တို့ဖြင့် နယ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဖွန်းထည့်ပါ။ ဆီပူလာပါက တူနာငါးများထည့်ပြီး အညိုရောင် သမ်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ တူနာငါး နှစ်ဖက်စလုံးကို ကြော်ပေးရပါမယ်။

၄။ ရရှိလာတဲ့ တူနာငါးကြော်ကို စောစောကဖျော်ထားသော ငရုတ်နှစ်ထဲတွင် ပြောင်းထည့်လိုက်ပါ။ ထို့နောက် ထိုငရုတ်နှစ်နှင့် ငါးကြော်အရောအနှောကို ဒယ်အိုးထဲပြန်ထည့်ပြီး မိနစ် ၂၀ ခန့် ထပ်တည်ပေးရပါမယ်။

မိနစ် ၂၀ ပြည့်သွားပြီဆိုရင်တော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ တူနာငါးဟင်းလေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ စားသုံးလိုက်ပါ။

Source: Simplelifeandgivethanks.com