အားလုံးပဲ မင်္ဂလာပါ။ ကြက်ဆင်သားက ဈေးမှာ အလွယ်တကူဝယ်လို့မရတာကြောင့် အလွယ်တကူဝယ်လို့ရတဲ့ အမဲသားလုံးကြော်၊ ကြက်သားလုံးကြော်၊ ဝက်သားလုံးကြော်ကိုသာ ကြော်စားကြတာ များပါတယ်။ ပုံမှန်အားဖြင့်တော့ အသားတစ်မျိုးတည်းကိုပဲ ကြော်ကြပေမယ့် ဒီတစ်ခါမှာတော့ ကြက်ဆင်သားနဲ့ ဝက်သားကိုရောကြော်လို့ရမယ့် အသားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Photo Source: www.cookinglight.com

  • နုတ်နုတ်စင်းထားသော ကြက်ဆင်သား ၁ ပေါင်
  • နုတ်နုတ်စင်းထားသော ဝက်သား ၁ ပေါင်
  • ကြက်သွန်နီ ၁ လုံး (နုတ်နုတ်စင်းထားပါ)
  • ကြက်ဥ ၁ လုံး
  • နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပေါင်မုန့်အကြေအစများ ပန်းကန်လုံး လေးပုံသုံးပုံခန့်
  • ဆား စားပွဲတင်ဇွန်း တစ်ဝက်ခန့်
  • ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ ခွက် သုံးပုံတစ်ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဆင်သား၊ ဝက်သား၊ ကြက်သွန်နီ၊ ကြက်ဥ၊ နွားနို့၊ ပေါင်မုန့် အကြေအစများ (အကုန်မထည့်ပါနဲ့ တစ်ဝက်ပဲ ထည့်ပါ)၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ပြီး လက်နဲ့ အသေအချာနယ်လိုက်ပါ။

ပြီးရင် အနေတော် အသားလုံးလေးများ ပြုလုပ်ပြီး ထိုအသားလုံးများကို ပေါင်မုန့် အမှုန့်များနဲ့ ကပ်ပေးလိုက်ပါ။

ဒယ်အိုးအကြီးတစ်လုံးထဲမှာ မီးအပူချိန် အလယ်အလတ်အနေအထားနဲ့ အိုးကို အပူပေးလိုက်ပါ။ ထို့နောက် ဆီထည့်ပြီး ဆီပူလာပါက အသားလုံးများ ထည့်ကြော်လိုက်ပါ။ အသားတုံးတစ်ဖက်ချင်းစီကို ၄ မိနစ်ခန့် ကြော်ပေးပါ။

အသားလုံးများ ရွှေညိုရောင်ပြောင်းသွားပါက ရေထည့်ပြီး အဖုံးဖုံးထားကာ ၁၀ မိနစ်ခန့် တည်ထားပါ။

အချိန်ပြည့်သွားရင်တော့ အင်မတန်စားလို့ကောင်းပြီး အရသာရှိတဲ့ ကြက်ဆင်သား ဝက်သားလုံးကြော်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com