အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးကို ခွက်ပုံသဏ္ဍာန် ပြုလုပ်ပြီး ချိစ်နှင့် ဝက်သားအစာသွပ်ကို အာလူးခွက်ထဲထည့်ကာ အရသာရှိရှိ လုပ်စားနိုင်တဲ့ အစားအစာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး လေးလုံး (ရေစင်အောင်ဆေးပြီး ခြောက်အောင် သုတ်ထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်မြိတ် နှစ်ပင် (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ဝက်သား စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ချိစ် အနည်းငယ်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးကို ပန်းကန်ပြားထဲထည့်ပြီး သံလွင်ဆီဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် ဆားဖြင့် ထပ်မံပွတ်တိုက်ပေးလိုက်ပါ။

၃။ အာလူးရဲ့ အစွန်းနှစ်ဖက်ကို လှီးဖြတ်လိုက်ပါ။ ပြီးရင် တစ်ဝက်တိတိ လှီးလိုက်ပါ။

၄။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်မှာ ဆီစုပ်စက္ကူလေး ခံထားလိုက်ပါ။ ထိုစက္ကူပေါ်မှာ အာလူးတုံးများ တင်ထားလိုက်ပါ။ (အာလူးရဲ့ ပိုကျဉ်းသော မျက်နှာပြင်ကို အောက်ခြေမှာထားထားရပါမယ်) ထို့နောက် Oven ထဲမှာ မိနစ်လေးဆယ်ခန့် ထည့်ထားလိုက်ပါ။

၅။ အချိန်ပြည့်သွားပါက Oven ထဲကထုတ်ပြီး အအေးခံထားလိုက်ပါ။ အာလူးများ အေးသွားပါက အထဲက အာလူးအသားများကို ဓားရာပေးပြီးနောက် ဇွန်းဖြင့် အသာအယာခပ်ထုတ်ပြီးနောက် ခွက်တစ်လုံးထဲ ထည့်ထားလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ထောပတ်များကို အရည်ဖျော်လိုက်ပါ။ ရရှိလာတဲ့ ထောပတ်ရည်ကို အာလူးအနှစ်ထဲ လောင်းထည့်လိုက်ပါ။ ကြက်သွန်မြိတ်၊ ချိစ်၊ ဝက်သားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။

၇။ ရရှိလာတဲ့ အရောအနှောက် စောစောက အာလူးခွံထဲသို့ အညီအညာခွဲထည့်လိုက်ပါ။

၈။ ထို့နောက် Oven  ထဲမှာ ဆယ်မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ် ဝက်သားအစာသွပ် အာလူးဖုတ်လေး ရရှိသွားပါပြီ။ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Couponclippingcook.com