အားလုံးပဲ မင်္ဂလာပါ။ ငါးဟင်း မကြိုက်ပေမယ့်လည်း ငါးကြော်တော့ ကြိုက်တယ်ဆိုသူတွေအတွက် ဒီတစ်ခါမှာတော့ စပ်စပ်လေးနဲ့ ရှူးရှူးရှဲရှဲဖြစ်သွားစေမယ့် ငါးကြော်နှပ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• မိမိကြိုက်နှစ်သက်ရာ ငါးအမျိုးအစားတစ်မျိုး ၆၀၀ ဂရမ်
• ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
• ငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆား အနည်းငယ်
• သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

• ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်သီးတောင့် အနည်းငယ်
• ဂျင်း အနည်းငယ်
• ပြောင်းမှုန့် အနည်းငယ်
• ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးကို အနေတော်အတုံး တုံးပြီးနောက် ဟင်းချက်ဝိုင်၊ ဂျင်း၊ ပဲငံပြာရည်၊ ဆားနှင့် သကြားတို့ဖြင့် သမအောင် နယ်ပြီးနောက် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ အလုံပိတ်အိတ်ထဲသို့ ပြောင်းမှုန့်များထည့်လိုက်ပါ။ ထိုအိတ်ထဲသို့ ငါးအတုံးများထည့်ပြီး အိတ်ကို အလုံပိတ်ကာ လှုပ်ခါလိုက်ပါ။ ထို့နောက် ၅ မိနစ်ခန့် ဒီအတိုင်းထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဆီပူလာပါက ငါးအတုံးများ ထည့်ကြော်လိုက်ပါ။ ငါးများ ရွှေညိုရောင်ပြောင်းသွားပြီး အနည်းငယ် မာကြောသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ကာ ဆီပူလာပါက ငရုတ်နှစ်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ကြော်လိုက်ပါ။

၅။ အနံ့လေး သင်းပျံ့လာါက ငရုတ်သီးတောင့်နှင့် ကြက်သွန်မြိတ်များ ထည့်ကြော်လိုက်ပါ။ စက္ကန့်အနည်းငယ်ကြာလာပါက စောစောကကြော်ထားသော ငါးကြော်အတုံးများ ထည့်ကြော်လိုက်ပါ။ ပဲငံပြာရည်အကြည်နှင့် ဆားအနည်းငယ်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ငါးကြော်နှပ် အစပ်ချက်လေးကို ထမင်းနဲ့ အတူတူအရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Chinasichuanfood.com