အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား (၃) ထပ်သားကို ၂ ပြန်ချက်ချက်စားရအောင်။

အသီးအရွက်တွေစုံစုံလင်လင်နဲ့ ချက်စားကြမယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်သား (၃) ထပ်သား ၃၀၀ ဂရမ်

  • မှို ၅၀ ဂရမ်

  • ငရုတ်သီး ၁ တောင့်
  • ကြက်သွန်မြိတ်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • နာနတ်ပွင့်
  • ငရုတ်သီးအစပ်သီးများ (မိမိနှစ်သက်သလောက်ထည့်ပါ)

  • သခွားသီး
  • ပဲပုပ်အနှစ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးဝက်သားကို ရေစင်စင်ဆေးလိုက်ပါ။

ကြက်သွန်မြိတ် တစ်ခြမ်း၊ နာနတ်ပွင့်၊ ငရုတ်သီး တို့နဲ့ရောပြီး ဝက်သားကို ပြုတ်လိုက်ပါ။

ဝက်သားကျက်ဖို့စောင့်နေတဲ့အချိန်မှာ တခြားပါဝင်ပစ္စည်းတွေကို ပြင်ဆင်လိုက်ပါ။

ဝက်သားရရင်တော့ ဝက်သားကို ပါးပါးလေးလှီးပေးလိုက်ပါ။

အိုးထဲကိုဆီထည့်လိုက်ပါ။

ဝက်သားကိုအရင်ကြော်ပါ။ ပြီးရင်တော့ ပဲပုပ်အနှစ်ထည့်လိုက်ပါ။

ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကိုထည့်မွှေပါ။

မှိုထည့်ပါ။

အငွေ့ထွက်လာတဲ့အထိ မွှေပေးပါ။

သခွားသီးထည့်ပါ။

ဆားနဲ့ ဟင်းခတ်မှုန့်ထည့်ပါ။

သေချာမွှေပေးလိုက်ပြီး အရသာမြည်းကြည့်ပါ။ နူးပြီ၊ အရသာရပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar