ခန္ဓာကိုယ်တွင်းရှိ မလိုအပ်သောအဆီပိုများကို ဖယ်ရှားချင်သူများအတွက် ၃ ရက်အတွင်း ကိုယ်အလေးချိန် အမြန်လျော့ကျသွားစေမယ့် ပန်းသီးစိမ်း Detox ဖျော်ရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းသီးစိမ်း ၂ လုံး (ထက်ခြမ်း ခြမ်းပြီးနောက် အစေ့များ ဖယ်ရှားပါ)
  • ရှမ်းနံနံ ၃ ပင်
  • သခွားသီး ၁ လုံး
  • ကိုက်လန် ၈ ရွက်
  • သံပုယိုသီး တစ်ဝက် (အခွံခွာထားပါ)

  • ဂျင်း အတုံးသေး ၁ တုံး
  • ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းသီးဟင်းရွက် ပါဝင်ပစ္စည်းများအားလုံးကို ရေဖြင့် သေချာ ဆေးကြောသန့်စင်ပြီးနောက်မှာ ရေခြောက်အောင် သုတ်ထားပါ။

၂။ ထိုဟင်းသီးဟင်းရွက် သစ်သီးဝလံများကို အခွံခွာထားပါ။ ထို့နောက် နှစ်လက်မပတ်လည် အတုံးသေး တုံးထားပါ။

၃။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် မွှေဖျော်ပေးလိုက်ပါ။

၄။ ဖျော်ရည်အနှစ်များ ရရှိသွားပြီဆိုရင်တော့ ဖန်ခွက်ထဲ ပြောင်းထည့်ကာ အရသာရှိရှိ သောက်သုံးနိုင်ပါပြီ။

ထိုသစ်သီးဖျော်ရည်ကို ၃ ရက်တိတိ သောက်သုံးပေးရမှာဖြစ်ပြီး ၂ နာရီ၊ ၂ နာရီခွဲစီ တစ်ခါ မှန်မှန်သောက်သုံးပေးဖို့လိုပါတယ်။ ဒါမှ အကျိုးအာနိသင်ရှိမှာပါ။

ထို Detox ဖျော်ရည်ကို မှန်မှန်သောက်သုံးပေးခြင်းအားဖြင့် အသည်းနှင့် အူလမ်းကြောင်းများကို သန့်စင်ပေးပြီး ကိုယ်အလေးချိန် အမြန်ကျအောင် ကူညီပေးပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်မှ လိုအပ်တဲ့အာဟာရကို ပြည့်ဝစွာ စုပ်ယူနိုင်အောင် ကူညီပေးခြင်း၊ ဘက်တီရီးယားများ ဖယ်ရှားပေးခြင်း၊ ကိုလက်စတောပမာဏကို လျော့ချပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း၊ အသားအရေ လှပစေခြင်းနှင့် သက်လုံကောင်းစေခြင်း စတဲ့ အကျိုးကျေးဇူးများစွာလည်း ရရှိခံစားနိုင်ပါတယ်။

Source: Justataste.com