ပါဝင်ပစ္စည်း မများဘဲနဲ့ အရသာ ရှိလှတဲ့ ဟင်းတစ်ခွက်ကို ဘယ်လို ဖန်တီးမလဲလို့ လေ့လာကြည့် ရအောင်။

ပါဝင်ပစ္စည်းများ

  • ရုံးပတေသီး – ၅ တောင့်
  • ပဲတောင့်ရှည် – ၁ စည်း
  • ခရမ်းသီးအရှည် – ၁ လုံး
  • ငြုပ်သီးစိမ်း – ၁၀ တောင့်
  • ငါးပိ – အနည်းငယ်
  • ရွှေပုစွန်ခြောက် – ဇွန်းဝက်ခန့်

ပြုလုပ်နည်း

  1. ငြုပ်သီးစိမ်းကို အညှာခြွေပြီး ရေအနည်းငယ်လေးဖြင့် နူးအိအောင် ပြုတ်ထားပါ။
  2. ရုံးပတေသီး၊ ပဲတောင့်ရှည် နှင့် ခရမ်းသီးတောင့်ရှည်တို့ကို ရေဆေးပြီးမှ တစ်လက်မ အရွယ်ခန့် လှီးဖြတ်ပါ။ ပြုတ်ထားသော ငြုပ်သီး နူးအိလျှင် ညှက်အောင် ထောင်းပါ ။
  3. အိုးတစ်လုံးထဲသို့ လှီးဖြတ်ထားသော အသီးများ၊ ငြုပ်သီးထောင်း၊ ရွှေပုစွန်ခြောက်၊ ငါးပိ နှင့် ဟင်းခတ်မှုန့် အနည်းငယ် တို့ကိုထည့်ပါ။
  4. အဖုံးအုပ်ပြီး မီးရှိန်အေးအေးမှာ အပူပေးပါ။ အငွေ့ကြောင့် အသီးများ အစိမ်းရောင် ပြောင်းလာလျှင် အဖုံးဖွင့်ပြီး ညှင်သာစွာ မွှေပေးပါ။
  5. အရသာ ခပ်ရှိန်းရှိန်းလေး နှစ်သက်လျှင် ထောင်းထားသော ငြုပ်ကောင်းစေ့ အနည်းငယ်ထည့် မွှေပေးပါ။ မိမိနှစ်သက်တဲ့ အရသာရလျှင် ပန်းကန်ထဲပြောင်းထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Credit: ဟင်းချက်နည်းများ