အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာရေးသူလို ထမင်းကြော်ကြိုက်တဲ့သူတွေ၊ အစပ်ကြိုက်တဲ့သူတွေအတွက် ထမင်ကြော် ခပ်စပ်စပ်လေး ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ငရုတ်သီးအနှစ်ကို အသုံးပြုပြီး၊ အသီးအရွက်လေးတွေနဲ့ ကြော်သွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဂေါ်ဖီထုပ် ပါးပါးလှီးအနည်းငယ်
  • မုန်လာဥနီ ပါးပါးလှီးအနည်းငယ်
  • ပဲသီး အနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်

  • ကြက်သွန်ဖြူအနည်းငယ်
  • ဂျင်းအနည်းငယ်
  • ငရုတ်သီးစိမ်းအနည်းငယ်
  • ငရုတ်သီးအနှစ် အနည်းငယ်
  • ထမင်း တစ်လုံး

  • ဆီ
  • ဆား
  • ပဲငံပြာရည်အနည်းငယ်

ပြုလုပ်နည်း

ထမင်းကို ဖွထားလိုက်ပါ။ တခြားပါဝင်ပစ္စည်းတွေကိုလည်း လှီးချွတ်ထားလိုက်ပါ။

ပြီးရင် အိုးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ငရုတ်သီး၊ ဂျင်းတို့ကို ဆီသတ်လိုက်ပါ။

ပြီးရင် အသီးအရွက်တွေ ထည့်ကြော်ပေးလိုက်ပါ။

အဲဒီနောက် ငရုတ်သီးအနှစ်ထည့်လိုက်ပါ။

ခဏလောက် မွှေပေးလိုက်ပြီး ထမင်းထည့်လိုက်ပါ။

ဆား၊ ပဲငံပြာရည်ထည့်လိုက်ပြီး သေချာမွှေပေးပါ။ ပြီးရင် ကြက်သွန်မြိတ်ဖြူးလိုက်ပြီး ထမင်းကို နည်းနည်းခြောက်သွားအောင် ကြော်ပေးလိုက်ပါ။

ဒါဆို စားလို့ရပါပြီနော်။

Source: www.tasty-indian-recipes.com

By: MyFood Myanmar