အားလုံးပဲမင်္ဂလာပါနော်။ ကင်မ်ချီကို အပြင်မှာ ဝယ်စားတာထက် မိမိအိမ်မှာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် လုပ်စားလို့ရပါတယ်။

အရသာရှိလှပြီး လုပ်ရတာလည်း သိပ်မခက်တာမို့ ကင်မ်ချီ ဘယ်လိုလုပ်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • (၅) ပေါင်လောက်ရှိတဲ့ မုန်ညှင်းဖြူ အကြီး ၁ ပင်
  • ဆား ၁ ခွက်
  • ရေ ၅ ခွက်
  • မုန်လာဥဖြူ အနည်းငယ်
  • ကြက်သွန်မြိတ် ၃ ပင်

အနှစ်ထည့်ရန်

  • ကောက်ညှင်းမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း ( ရေ ခွက်တစ်ဝက်နဲ့ရောပြီး ဆူပွက်အောင်သည်လိုက်ပါ။ ဆူပွက်လာပြီး ပျစ်ပျစ်ဖြစ်လာရင် အအေးခံထားလိုက်ပါ)
  • ငရုတ်သီးမှုန့် ခွက်တစ်ဝက်
  • ကြက်သွန်ဖြူတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဂျင်းတောက်တောက်စဉ်း အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ရေညှိပြုတ်ရည် တစ်ခွက် (ရေညှိခြောက် ၁ ခုကို ရေ ၂ ခွက်နဲ့ ၂ မိနစ်လောက် ပြုတ်လိုက်ပါ)

ပြုလုပ်နည်း

အရင်ဆုံး မုန်ညှင်းဖြူကို ၃ ပုံ တစ်ပုံစီ လှီးပေးလိုက်ပါ။

ပြီးရင် ဆား ခွက်တစ်ဝက်ထည့်၊ ရေ (၅) ခွက်ထည့်ပြီး သေချာနယ်ပေးလိုက်ကာ ရေဆေးပေးလိုက်ပါ။

ကျန်တဲ့ ဆား တစ်ဝက်ကိုတော့ မုန်ညှင်းဖြူနဲ့ ထပ်နယ်ပေးလိုက်ပြီး ၆ နာရီ။ ၈ နာရီလောက်ထားထားပါ။

ပြီးရင်တော့ အနှစ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပြီး နယ်လိုက်ပါ။

ဆားနဲ့ စိမ်ထားတဲ့ မုန်ညှင်းကို ထပ်ဆေးလိုက်ပါ။ အထူးသဖြင့် ကြားတွေမှာသေချာဆေးလိုက်ပါ။

အဲဒီနောက် ရေစစ်ထားလိုက်ပါ။

ပြီးရင် မုန်လာဥဖြူ၊ ကြက်သွန်မြိတ်ကိုပါးပါးလှီးလိုက်ပါ။

ပြီးရင်အနှစ်နဲ့ သေချာနယ်လိုက်ပြီး မိနစ် ၃၀ ကနေ ၁ နာရီလောက်ထားထားပါ။

ပြီးရင် မုန်ညှင်းနဲ့ ထပ်နယ်လိုက်ပါ။

အဲဒီနောက် သေချာလေး လုံးပေးလိုက်ပြီး တစ်ရက်၊ နှစ်ရက်လောက် သိပ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ စားလို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar