အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြက်သွန်အနံ့ သင်းသင်းလေးနဲ့ ကင်ထားတဲ့ အာလူးကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

  • အာလူး အလုံးသေး ၅၀၀ ဂရမ် (၁ ပေါင်ခန့်)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပါးပါးလှီးဖြတ်ထားသော ပူစီနံနှင့် နံ့နံ့ပင် စားပွဲတင်ဇွန်း တစ်ဇွန်းစီ
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

သုတ်လိမ်းဖို့အတွက် ဆီဖော်စပ်ရန်

  • ပါးပါးလှီးဖြတ်ထားသော နံနံပင်နှင့် ပူစီနံ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံပုရိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖြင့် ကြိုတင် အပူပေးထားပါ။ အာလူးများကို အကွင်းလိုက် မလှီးဖြတ်ထားဘဲ ဓားရာပေးရုံသာပေးထားပြီး အနည်းငယ် ဟထားပေးလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဓားရာပေးထားသော အာလူးများကို ထည့်ကာ သံလွင်ဆီ၊ နံနံပင်၊ ပူစီနံ၊ ကြက်သွန်ဖြူ၊ ဆားနှင့် ငရုတ်ကောင်းတို့ဖြင့် သုတ်လိမ်းပေးထားလိုက်ပါ။

၃။ အာလူးများကို အကင်လင်ဗန်းပေါ်တွင် တင်ထားပြီးနောက် Oven ထဲတွင် မိနစ် ၂၀ ၊ ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ ထို့အချိန်တွင် ပန်းကန်လုံးအသေးတစ်လုံးထဲ၌ သံလွင်ဆီ၊ သံပုရိုရည်၊ နံနံပင်၊ ပူစီနံ၊ ဆားနှင့် ငရုတ်ကောင်းတို့ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၄။ အာလူးကင်ထားတဲ့အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး စောစောက စပ်ထားသော ဆီဖြင့် အာလူးများကို သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၂၅ မိနစ်ခန့်ကြာအောင် Oven ထဲ ပြန်ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ အာလူးကင်လေးကို သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: crazyvegankitchen.com