အားလုံးပဲ မင်္ဂလာပါ။ ရေခဲမုန့်ချစ်သူများအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ စတော်ဘယ်ရီ ရေခဲမုန့် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ရေ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • စတော်ဘယ်ရီအနှစ် စားပွဲတင်ဇွန်း ၃၂ ဇွန်း

(စတော်ဘယ်ရီအနှစ် မရှိပါက စတော်ဘယ်ရီသီးများကို အနှစ်များဖြစ်အောင် ချေလိုက်နိုင်သလို ဖျော်စက်ထဲ ထည့်မွှေပေးလို့လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးကို အပူပေးပြီး ရေ ထည့်ပါ။ ထို့နောက် မီးအေးအေးဖြင့် အပူပေးပြီးနောက် သကြားနှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ၁၀ မိနစ်ခန့် တည်ထားရပါမယ်။ သတ်မှတ်ချိန်ပြည့်ပါက မီးဖိုပေါ်က ဖယ်ရှားပြီး အအေးခံထားပါ။

၂။ သကြားရည်က လုံးဝအေးသွားပြီဆိုရင်တော့ စတော်ဘယ်ရီအနှစ်များ ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် လင်ဗန်းထဲ ထည့်ကာ ရေခဲသေတ္တာထဲတွင် အခဲများ ဖြစ်သွားသည်အထိ အအေးခံပေးရပါမယ်။

၄။ အေးခဲပြီး တင်းတင်းရင်းရင်းလေး ဖြစ်သွားသောအခါ ဓားဖြင့် အနေတော် အတုံး တုံးထားလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်ကာ ခရင်မ်ဖြစ်သွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ရရိလာတဲ့ စတော်ဘယ်ရီခရင်မ်ကို စောစောက လင်ဗန်းထဲ ပြန်ထည့်ပြီးနောက်မှာ ရေခဲသေတ္တာထဲတွင် နောက်ထပ် ၄ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ စတော်ဘယ်ရီရေခဲမုန့်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com