တို့စရာအနေနဲ့ပဲ စားလေ့ရှိတဲ့ ကတက်ချဉ်ကို ဒီတစ်ခါမှာတော့ ကြက်သားနဲ့ရောပြီး ဟင်းတစ်ခွက်ရအောင် ချက်ကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
ကြက်သား
ကြက်ရိုး
ကတက်ရွက်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ဆီ
ဆနွင်း
အရောင်တင်မှုန့်
ပြုလုပ်နည်း
ကြက်သား နဲ့ ကြက်ရိုးကို ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်းထောင်း ၊ ဆီသပ်ပါ။
ကြက်သွန်နီကို ဆနွင်း ၊ အရောင်တင်မှုန့် နဲ့ ထည့်ကြော်၊ ကြက်သွန်နီ အဝါရောင်သန်း ကြက်သားရိုးထည့်ပြီး အုပ်၍ တည်ထားပါ။
လုံးချက် ရလာရင် ကတက်ရွက် လှီးထည့်လိုက်ပြီး ရေနဲနဲ ထပ်ထည့်ပြီး တည်လိုက်ပါ။
Credit: Phyu Phyuhnin